PART 38

12.5K 637 11
                                    

Unicode

လွန်ခဲ့သည့် တစ်ပတ်က စိတ်ဝင်စားဖို့ကောင်းသည့် အရာတစ်ခုအား သူမ တွေ့ရှိခဲ့သည်။ 

သမက်ဖြစ်သူ အပြင်က ပြန်လာပြီးနောက် ဆေးတွေ‌ သောက်နေသည်ကို အမှတ်မထင် ‌တွေ့လိုက်ရသည်။ သူခြံထဲဆင်းသွားသည့်နောက် အခန်းထဲကို ဝင်သွားလိုက်တော့ ရှာစရာတောင်မလိုလိုက်သည့် ဆေးဘူး‌တွေကို မီးအိမ်တင်သည့်ခုံပေါ် တွင် အဆင်သင့် တင်ထားခဲ့သည်။

ဆေးနာမည်တွေကို ပုံရိုက်ယူထားလိုက်ပြီးနောက်

အသိထဲက ဆရာဝန်ကို ပြကြည့်တော့ စိတ်ရောဂါအတွက် ဆေးတွေတဲ့။ ထဲထဲဝင်ဝင် သိချင်သည့်အတွက် ဆေးရုံကိုသွားပြီး ‌စိတ်ရောဂါဆရာဝန်ဆီ သွားပြကြည့်တော့ စိတ်ကျရောဂါသည်တွေအတွက် ဆေးတဲ့။ လောကကြီးက သူမဘက်တွင် ရှိသည်ပဲ။

ပထမတစ်ရက် မြေ့နင်းခသောက်မည့် ကော်ဖီခွက်ကို ကိုယ်တိုင်ဖျော်ပြီး ဆေးခတ်ကာ မိသေးကို သွားပို့ခိုင်းသည်။ ဘာမျှ ထူးထူးခြားခြား အာနိသင်မပြ။ နောက်ရက်တွေလည်း ပုံမှန် တစ်လုံးဆီ။

မနေ့ကတော့ တစ်လုံးနှင့် တစ်ဝက်တိုက်ကြည့်သည်။

သို့သော် သူဖျော်‌ပေးမှန်း သိသွားသည်။

မင်္သကာဖြစ်ခံရမည်စိုး၍ ဒီနေ့ အပြင်ထွက်ရန် ခေါ်လိုက််သည်။ ကံအားလျော်စွာဘဲ သားဖြစ်သူနှင့် ထိုမိန်းကလေးအားတွေ့လိုက်ရသည်။ သူမ ရည်ရွယ်ချက်က ဘာဖြစ်မည်နည်း။ 

အင်း...ဒီတိုင်း...ဒီတိုင်းပါပဲ။

ဒီနေ့ ဆေးမတိုက်ရသေး။

အိမ်ပြန်ရောက်တော့ မြေ့နင်းခ သူ့အခန်းထဲ ချက်ချင်းဝင်သွားတာကြောင့် နွားနို့ခွက်ထဲ ဆေးထည့်ပြီး မိသေးကိုဘဲ သွားပို့ခိုင်းလိုက်သည်။ ဒီတစ်ခါတော့ နှစ်လုံးအတိအကျ။

သိပ်မကြာပါဘူး ကောင်လေး ရူးသွားတော့မှာ။

" မာမီ သားတို့ကို ဒီကိစ္စ ဘာလို့မပြောရတာလဲ "

" အခု သိသွားပြီမဟုတ်ဘူးလား "

" မာမီဘာဖြစ်ချင်နေတာလဲ ၊ သား တောင်းပန်ပါတယ် ဟိုကို ပြန်ပါတော့ ၊ သားတို့ကို စိတ်ဒုက္ခ ထပ်မပေးပါနဲ့တော့ "

UM (Completed)Where stories live. Discover now