PART 1

43K 1.6K 28
                                    

Unicode

လူတန်းစားပေါင်းစုံရှိမနေသည့် ညစာစားပွဲတစ်ခု။
စီးပွားရေးလုပ်ငန်းရှင်များနှင့်
လူကုံထံအချို့သာ ရှိနေကြသည်။

P group သည် ယခုအခေါက် နယ်သာလန်၌ လုပ်ငန်း
တိုးချဲ့ခြင်း အောင်မြင်သွားသည့်အတွက်
ဤပွဲအား ပြုလုပ်ခြင်းဖြစ်လေသည်။
ဤသည်မှာ စီးပွားရေးသမားတိုင်း၏ ထုံးစံပင်။

စီးပွားရေးပါတနာများနှင့် ယင်းတို့၏ တွဲဖက်အသီးသီးအား
သူ့အစုနှင့်သူ မြင်တွေ့နေရသည်။ ထိုအစုများထဲ၌ အများနှင့်မတူဘဲ တမူထူးခြားစွာ ကွဲထွက်နေသည့် စုံတွဲရှိ၏။
ထိုသူတို့သည် နာမည်ကျော်ကြား အောင်မြင်နေစပြုသည့်လုပ်ငန်းရှင်များထဲကမှ အငယ်ဆုံး စီးပွားရေးလုပ်ငန်းရှင် မိုးမိရက်ခနှင့် သူ၏ အိမ်ထောင်ဖက်ဖြစ်သူ မြေ့နင်းခဖြစ်သည်။

အမျိုးသမီးငယ်များသည်
ထိုငယ်ရွယ်နုပျိုသည့် အငွေ့အသက်အပြည့်နှင့်
ခန့်ညားလှသည့် မျက်နှာပိုင်ရှင်ယောက်ျား၏
လက်မောင်းအား ချိတ်ထားသော ယောင်္ကျားသားကို
အားကျသည့် အကြည့်များဖြင့် ကြည့်နေကြသလို
တချို့တချို့ကလည်း အဓိပ္ပာယ်ကောက်ရန်ပင်
မသင့်တော်သည့် အကြည့်ပေါင်းများစွာဖြင့်...။

ထိုနှစ်ဦးကတော့ သူတို့အား
ဂရုပြုဟန် အရိပ်အယောင်ပင် မပြဘဲ
လက်တစ်ဖက်တစ်ချက်စီတွင် ၀ိုင်ခွက်အသီးသီးကို ကိုင်၍
ခွက်ထိပ်ချင်းတေ့ကာ 'ချွင်' ဆိုသည့် အသံမြည်သွားသည်အထိ ထိခတ်လိုက်ကြပြီးနောက် အကြည့်ချင်းဖလှယ်ကာ ပြုံးပြုံးလေး သောက်လိုက်ကြသည်။

ထို့နောက် P GROUP ၏ CEO ဖြစ်သူသည်
သူတို့နှစ်ဦးဆီသို့ ခပ်ကျဲကျဲ ခြေလှမ်းများနှင့်အတူ လျှောက်လှမ်းလာသည်။

"ငါ့ညီတို့ ပွဲကို တက်ရောက်ပေးတဲ့အတွက် ကျေးဇူးကွာ "

ညီဟူ၍ ခေါ်နေသူသည် မိုးမိရက်ခထက်
ဆယ်နှစ်မကကြီးပြီး အသားဖြူဖြူနှင့် အရပ်ရှည်ကာ ရုပ်ရည်အသင့်အတင့်ရှိသည့် အမျိုးအစားထဲကဖြစ်သည်။

" ဒါမျိုးကိစ္စဆိုတာ ဂုဏ်ပြုပေးသင့်တာပေါ့ဗျာ "

တည်ကြည်နေသည့် မျက်နှာထက်သို့
အပြုံးလှလှလေးတစ်ခု ဆင်မြန်းပြီးနောက် ၀ိုင်ခွက်ကို ရှိရင်းစွဲထက် အနည်းငယ် မြှောက်ပြကာ ပြန်ပြောလိုက်သည်။

UM (Completed)Where stories live. Discover now