PART 27

13.6K 775 5
                                    

Unicode

" ခ ဘယ်သွားမလို့လဲ "

" မင်းနဲ့ ဝေးရာဆီပေါ့ မောင် "

နိမ့်ချည်မြင့်ချည် ပင်လယ်ရေပြင်ကျယ်ဆီ ဦးတည်သွားနေသူကို အော်ခေါ်နေပေမယ့် လှည့်ကြည့်မလာခဲ့။

" မောင့်ကို မထားသွားပါနဲ့ ခရေ... ၊

ခ! မောင် တောင်းပန်ပါတယ်ကွာ "

ပင်လယ်ပြင်ထက်၌ အချင်းချင်း ပုတ်ခတ်နေကြသည့်

လှိုင်းလှုံးတွေကြား တရွေ့ရွေ့ ပျောက်ကွယ်သွားနေသည့်

ခနှင့်အတူ ရုတ်ချည်းပြောင်းလဲသွားသည့် ပတ်၀န်းကျင်က

သူ့ကို အနီရောင်ပန်းခင်းကြီးတစ်ခုဆီသို့ ခေါ်ဆောင်သွားလေသည်။

ဟော တွေ့ပြီ။

အနီရောင်လီလီပန်းပွင့်‌တွေကြားမှာ ပျော်မွေ့နေသည့် ခ။

ခပ်လှပ်လှပ်ဟနေသည့် အဖြူရောင်တီရှပ်ထဲသို့

လေတချို့ တိုး၀င်နေသည်နှင့်အတူ အပြုံးတို့ကလည်း မွေ့ပျော်နေသည့် သဏ္ဍာန်။

သို့ပေမယ့် ပျောက်ကွယ်သွားတော့မည်နှယ်။

ခဆီ သွားဖို့ လုပ်ပေမယ့်

တစ်စုံတရာက သူ့ကို လှုပ်၍မရအောင် ဆွဲယူထားသည်။

မဖြစ်ဘူး...။

ငါခဆီသွားမှ ရမယ်...။

" ခ "

ခ သူ့ကို လုံးဝ လှည့်မကြည့်ဘူး။

ဒါမှမဟုတ် မကြားတာလား။

တစ်ခုမှ မဟုတ်။

သူ့ထံမှ အသံ မထွက်လာခဲ့တာဖြစ်သည်။

တအောင့်နေတော့ သူ့ကို မြင်သွားပြီး သူ့ဘက်ကို လှည့်လာသည်။ နှုတ်ကနေလည်း တစ်ခုခုကို ရေရွတ်နေသည်။

ဟုတ်သည်။

ခသူ့ကို တစ်ခုခု ပြောနေသည်။

သို့သော် ဘာဆိုဘာမျှမကြားရသည်အထိ

တစ်စတစ်စ ဝေးကွာသွားလေခြင်း။

" မောင် "

လက်မောင်းကို လှုပ်ခတ်လာသည့် အထိအတွေ့ကြောင့် လန့်နိုးလာသည်။

UM (Completed)Место, где живут истории. Откройте их для себя