PART 13

18.4K 998 16
                                    

Unicode

အိမ်အပြန်လမ်း၌ နှစ်ဦးကြား ပြောစရာစကားတို့ မရှိဘဲ နှုတ်ဆိတ်နေမိကြသည်။ အမှန်ဆို ပြောသင့်သည့် အကြောင်းအရာတချို့က ရှိနေသည်မလား။ ထို့ကြောင့် သူလည်း အိပ်စက်ရင်းသာ လိုက်ပါလာခဲ့တော့သည်။

သူနိုးလာတော့ ည၂နာရီပင် ရှိနေပြီဖြစ်ရာ မောင့်အိမ်က သူ့အခန်းထဲတွင် ပြန်လည် ရောက်ရှိနေသည်။ သူ့ကိုအခန်းထဲ ဘယ်သူ သယ်ပြီး ပို့ထားတာပါလိမ့်။ ဖုန်းကို ကြည့်လိုက်တော့လည်း မေမေ့ထံမှ လွတ်သွားသည့် ဖုန်းခေါ်ဆိုမှုတွေ။
ဒီချိန်ဆို မေမေလည်း အိပ်ရောပေါ့။ မနက်မှဘဲ ဖုန်းဆက်ပြီးပြောပြလိုက်ပါတော့မယ်။ ခုတော့ ကိစ္စရှိလို့ ရက်ခအိမ်ကိုပဲပြန်လာဖြစ်တယ်ဆိုတဲ့ အကြောင်းကို စာလေးဘဲ ပို့ထားလိုက်တော့မည်။

ဆက်အိပ်လို့ မရတော့တာကြောင့် လေသာဆောင်မှာဆေးလိပ်ထွက်သောက်နေလိုက်ပြီး တအောင့်နေတော့အောက်ထပ်ကို ဆင်းလာလိုက်သည်။ ထမင်းစားခန်းထဲ ၀င်သွားလိုက်တော့ တွေ့ရသည်က မောင်။ မောင်က ထမင်းစားပွဲဝိုင်း၏ ထိပ်ဆုံးခုံတွင် တွေတွေကြီး ထိုင်နေပြီး သူ့ကို မြင်တော့ စကားဆိုသည်။

" ငါ မင်းအမေကို ဖုန်းဆက်ပြောထားတယ်၊
ဒီကိုပဲ ပြန်အိပ်ဖြစ်တဲ့အကြောင်း "

ဪ ဒါ ဆို မေမေစိတ်ပူနေမှာ မပူရတော့ဘူးပေါ့။

" အွန်း ရက်ခ၊ ဒါနဲ့ ငါ့ကို အခန်းထဲ မင်းပို့ပေးထားတာလား "

မောင်က ပြန်မဖြေဘဲ ဧည့်ခန်းဘက် ထွက်သွားတာကြောင့် သူလည်း ရေခဲသေတ္တာထဲက ရေတစ်ဘူး ထုတ်သောက်ပြီး မောင့်နောက်ကို လိုက်သွားလိုက်ပြီး သူ့ဘက်က စကားစလိုက်သည်။

" ရက်ခ မင်းမအိပ်သေးဘူးလား "

" အွန်း "

" ရက်ခ ဒီနေ့ကိစ္စ..."

အတန်ကြာ တိတ်ဆိတ်သွားပြီးတော့မှ
မောင့်ဘက်မှ စကားဆိုလာသည်။

" ငါ၀တ္တရားအရလုပ်ပေးတာ ဘာမှမဖြစ်ခဲ့ဘူးလို့ပဲသဘောထားလိုက် "

၀တ္တရားအရတဲ့လားမောင်။
သူမျက်နှာပျက်သွားသည်ကို ရိပ်မိပုံပေါ်သည့်
မောင့်ဘက်က ထပ်ဆိုလာသည်။

UM (Completed)Where stories live. Discover now