" ဖိုးသူ "

" အကိုလေးခ နိုးပြီလား "

" မောင်ရော "

" ကုမ္ပဏီသွားတယ် အကိုလေး "

" ဟုတ်...လား... "

ညှိုးငယ်စွာ ‌ရေရွတ်လိုက်သည်။

မောင်က ပုံမှန်ဆို သူနဲ့ နေပေးတာပါ။

" ခုနကတောင် ဖုန်းဆက်သေးတယ် ၊ အကိုလေးခ နိုးပြီလားဆိုပြီး "

" ဪ... "

ဟိုမိန်းကလေးနဲ့ တွေ့တဲ့ကိစ္စ မောင် ငါ့ကို ခုထိ မပြောပြသေးဘူး။ ဖိုးသူနဲ့များ ‌ပြောပြခိုင်းထားမလား။

" ဘာထပ်မှာထားသေးလဲ တစ်ခုခု မပြောခိုင်းထားဘူးလား "

" ဟင့်အင်း အကိုလေးခ၊ ဘာမှ မမှာထားပါဘူး "

" ငါ့ဖုန်းရော ယူလာသေးလား "

" မသိဘူး အကိုလေးခ ၊ မယူလာဘူးထင်တယ် "

" မင်းဖုန်း ခဏ ငှားပါလား "

" ဗျာ ဟုတ် "

ဖိုးသူက သူ့ဖုန်းကို ထိုးပေးလာသည်။

ထို့နောက် password ခံထားသည့်အတွက် 

ပြန်ထိုးပေးလိုက်ရသည်။

"  မင်းအကိုလေးကို ဖုန်းခေါ်လိုက် "

ချက်ချင်းကိုင်သည်။

" အေး ဘာထူးလို့လဲ ဖိုးသူ "

" မောင် ငါနိုးပြီ "

" နိုးပြီလား ခ ၊ ဘယ်လိုနေသေးလဲ သက်သာလား ၊ မောင် အလုပ်တွေ လက်စသတ်ပြီး မြန်မြန်ပြန်လာခဲ့မယ်နော် "

" မောင်... "

" ခ မောင်လေ အစည်းအဝေးခန်းထဲ ရောက်နေလို့ နောက်မှ ပြန်ခေါ်လိုက်မယ်နော် "

မောင် ဖုန်းချသွားပြီ...။

မောင်က ဖုန်းချသွားတယ်....။

" ရော့ "

" အကိုလေး ဘာစားမလဲ ၊ ဖွားလုပ်ပေးလိုက်တဲ့ ဟင်းတွေရှိတယ် ၊

ဒါမှမဟုတ် ဘာစားချင်တာ ရှိလဲ ၊ ကျွန်တော်သွားဝယ်ပေးမယ် "

" မင်းအကိုလေး ငွေသားပေးထားခဲ့တာလား "

" ဟုတ်အကိုလေး ပိုက်ဆံနည်းနည်းရယ် ၊ ဒါရယ် "

UM (Completed)Where stories live. Discover now