" ဟုတ်အကိုလေး သက်သာသွားပါပြီ "
" ဟုတ်ပြီ..ဟုတ်ပြီ..
အကိုဘာလုပ်ပေးရဦးမလဲ "
" ရတယ်အကိုလေး သမီးတို့ပဲ အကုန်လုပ်လိုက်တော့မယ် "
" ဒါဆိုအကိုရေသွားချိုးပြီနော် "
" ဟုတ်ကဲ့ "
" ဟဲ့ ဘယ်သူရှိလဲ
ငါ့ကို coffee ဖျော်ပေးစမ်း "
" ဟုတ်ကဲ့ခနစောင့်ပေးပါ "
" မြန်မြန်လုပ် ပြောလိုက်ရင်
အကြောင်းပြချက်တွေကြီးပဲ
ဒီအိမ်မှာနေရင် အလုပ်လုပ်မှ
ထမင်းစားရမှာ အလုပ်မလုပ်ပဲ
စားနေတဲ့သူက အချောင်သမားမို့ပဲ
တစ်ချို့တွေဆို မျက်နှာပြောင်တိုက်ပြီးတော့ကိုစားနေတာ
ဘယ်သူမှ မသတီတာတောင်မှ "
Jimin မကြားချင်ယောင်ဆောင်ပြီး အပြင်ထွက်လုပ်သော်လဲ
ထိုမိန်းကလေးရဲ့အပြောကြောင့် ပြုံးပြုံးလေးပြန်လှည့်လာကာ ကြည့်လိုက်တော့
မင့်ကိုမဲ့ကြည့်နေတာကြောင့်
မင် မဲ့ပြုံးလေးပြုံးလိုက်ပြီး
" ဒီက Nora ကစကားတွေကို
ပြောင်းပြန်ပြောနေတာပဲ
ဒီအိမ်မှာ ကျွန်တော်က တစ်စိမ်းမဟုတ်ဘူး
ပြီးတော့ ကျွန်တော်က အလုပ်မရှိပဲ
ကပ်စားနေတာမှမဟုတ်တာ
ကျွန်တော့် ယောကျာ်းလုပ်စာ
ကျွန်တော်စားနေတာလေ
ပြီးတော့ ကျွန်တော်နိုင်တဲ့၀န်
ကျွန်တော်ထမ်းတယ် တခြားသူတွေလို
သူများအိမ်တောင် နေဖင်ထိုးအောင်အိပ်ပြီးမှ
ထလာပြီး ဘော်ကျော့ မစားတတ်ဘူးဗျ
နောက်တစ်ခါ Nora ကို့ကိုယ်ကို ပြန်ကြည့်ပြီးမှ တခြားသူကိုဝေဖန်သင့်တယ်
အခုဟာက Nora က ကိုကိုယ်ကိုပြန်ပြောနေသလိုပဲ "
" တောက်စ် ... ရှင်ကျွန်မကို ပြန်ပြောရဲတယ်ကြည့်စမ်း "
မျက်နှာတွေနီရဲကာ ဒေါသတွေနဲ့
မင့်ကိုပြန်ပြောနေတဲ့ Nora ကြောင့်
မင် ပြုံးလိုက်ကာ
" အော်..ဘာလို့မပြောရဲရမှာလဲဗျ
မပြောရဲရအောင် မင်းကဘာမလို့လဲနော်
ကျွန်တော်က မှန်လိုပဲ ကျွန်တော့်အပေါ်
ကောင်းရင် ပြန်ကောင်းပေးပါတယ်ဗျ
အဟွန်း...ခွင့်ပြုပါဦး "
Jimin ပြုံးပြုံးလေးပြောကာ ထွက်လာမလို့ပြင်တုန်း
" နေဦး...ရှင်ကို့ကိုယ်ကို အထင်တွေကြီးမနေနဲ့
ကိုကို က ရှင့်ကို ခနတာ
ပျော်ရွှင်မှု အတွက်ခေါ်ထားတာ
ပြီးတော့ ကျွန်မနဲ့ ကိုကိုရဲ့ မဂ်လာပွဲက
ဖိတ်စာတွေတောင်ရိုက်ပြီးပြီ..အဟွန်း "
YOU ARE READING
Except You ( U+Z ) [ Complete ]
RomanceUni + Zaw 🔥 မမျှော်လင့်ပဲ သူစိမ်းတစ်ယောက်နဲ့ လက်ထပ်မိသွားသောအခါ 🤭💜🙆 ရုပ်ရှင်တစ်ခုကိုအခြေခံပြီးရေးထားတာဆိုပါတော့ ဘယ်သူ့ဘယ်သူကိုမှ copy ထားတာမဟုတ်ပေမယ့် ဇာတ်ကွက်ကတော့ အခြေခံယူထားတာမလို့ အဆင်ပြေမှ၀င်ဖတ်ပေးစေချင်ပါတယ်☺️🤗 မေမွ်ာ္လင့္ပဲ သူစိမ်းတစ်ယော...
Part - 12
Start from the beginning
![Except You ( U+Z ) [ Complete ]](https://img.wattpad.com/cover/302012381-64-k221306.jpg)