Jungkook နဲ့စကားပြောနေရရင် မင့် ကိုအသားယူဖို့ပဲတတ်တယ်
ဘာမဟုတ်တာကအစ သ၀န်လိုက်ကြောက်နေတဲ့သူ
မင့် ကိုအလှတွေပြင်လို့ဆိုပြီးလဲ ရန်ရှာတတ်သေးတယ်

Jimin သူ့အပြောကြောင့် ခရင်မ်တွေတောင်မလိမ်းဖစ်တော့ မဟုတ်ရင် အလှပြင်တယ်ဆိုပြီး ပြသာနာကရှာခံနေရဦးမယ်

အခုလဲ ဒီလူနဲ့ လမ်းမှာ အခုလိုတွေတာသိရင်
ဘယ်လောက်တောင်ပြသာနာရှာဦးမလဲမသိ

" ညီ...ညီ "

" ဟင် "

မင်အတွေးလွန်ကာ yoongi ခေါ်မှ အတွေးကိုရပ်ပစ်လိုက်ကာ

" ညီ ဘာတွေတွေးနေတာလဲ ကိုယ်ခေါ်နေတာကြာနေပြီ ... "

" ဟင့်အင်း ...ဘာမဟုတ်ပါဘူး
ကျွန်တော်သွားဦးမယ်နော် "

မင် ဘေးက ဆွဲခြင်းလေးကိုယူကာ
ထွက်သွားမယ်လုပ်တော့ ထိုလူအရှေ့ကနေ
တားကာ

" နေဦး ညီရဲ့ ဈေးသွားမလို့လား..
ကိုယ်လိုက်ပို့ပေးမယ်လေ
ညီ ခြေထောက်လဲနာနေမှာပေါ့ "

Jimin ခေါင်းလေးခါပြပြီး

" ရပါတယ် မလိုပါဘူး..မင်‌ ကုန်တိုက်ကိုတော့
ဈေးသွား၀ယ်တတ်ပါတယ် ကျေးဇူးပါ "

" ခနလေးပါ ကိုယ့်နာမည် Min Yoongi ပါ
ညီ အကူအညီလိုရင် ကိုယ့်ကိုပြောနော် "

" ကျေးဇူးပါပဲ "

Jimin စကားအမြန်ဖြတ်ကာ
ထွက်လာလိုက်သည်

မဟုတ်ရင် ဘာမဟုတ်တာတွေနဲ့ ဟိုလူဂွစာနဲ့
ပြသာနာမဖစ်ချင်

Jimin ပြောပြီး ဈေးကိုခပ်သုတ်သုတ်လေးလျောက်လာကာ
လိုအပ်တာတွေ၀ယ်ခြမ်းလိုက်ပြီး
အိမ်ပြန်ရန် ဈေးထဲကထွက်လာလိုက်သည်

အိမ်ပြန်ရောက်တော့ မင် လမ်းလျှောက်လာတာကြောင့် မောပန်းနေပြီး မီးဖိုဆောင်ထဲ၀င်လိုက်သည်

" ညီမလေး ရေ ရပြီနော် "

" ဟယ်... အကိုလေးပြန်လာပြီ
နောက်ဆို သမီးပဲသွားတော့မယ်နော်
ဒီနေ့ သမီး အစား အကိုလေးသွားပေးတာ
ကျေးဇူးပါနော် "

Jimin ပြုံးပြလိုက်ကာ

" ရပါတယ် အကို ပေးတဲ့ဆေးသောက်ထားလား သက်သာပြီမဟုတ်လား "

Except You ( U+Z ) [ Complete ]Where stories live. Discover now