မိနစ်ပေါင်းကြာမြင့်စွာ စကားအချေအတင်ဖြစ်ပြီးတော့ သူ့ဘက်ကဘဲ လက်လျှော့လိုက်ရပြန်သည်။

အခန်းတံခါးအား ဖွင့်ထားပြီး

အထဲ၌လည်း ပစ္စည်းများ ပြန့်ကျဲနေသည်။

ခကတော့ ကုတင်ပေါ်မှာ... အိပ်... အိပ်နေသည်လား။

ကုတင်ပေါ် အမြန်တက်လိုက်သည်။

" ခ ..ခ... "

လှုပ်နိုးကြည့်တော့ အိပ်မြဲတိုင်း အိပ်နေသည်။

" ခ! ခ! "

ဒီတစ်ခါတော့ အနည်းငယ် အသံမြှင့်ကာ အော်ခေါ်မိသည်။

တုပ်တုပ်တောင် မလှုပ်ပါ။ 

ရင်ဘတ်ကို စမ်းကြည့်တော့ ခုန်နေသေးသည်။ 

နှာခေါင်းရှေ့ လက်ထားကြည့်တော့လည်း 

ဝင်သက်ထွက်သက်မှန်နေပါသေးသည်။

အမြန်ပွေ့ချီလိုက်ပြီး အောက်ထပ်သို့ ဆင်းပြေးလာလိုက်သည်။ မွေ့ယာပေါ်တွင် တင်လိုက်မိသည့် ဖုန်းကိုတော့ မေ့သွားခဲ့သည်။

" အကိုလေး...အကိုလေးခ ဘာဖြစ်လို့လဲ "

" ငါလည်း မသိဘူး ၊ ဟိုပေါ်က ကားသော့ယူပြီး မင်းပါ လိုက်ခဲ့ "

ကားစင်ဝင်အောက်၌ ဖြစ်သည်။

" မြန်မြန်လာ "

" ကျွန်တော် မောင်းလိုက်ရမလား "

" ပေးပေး ငါမောင်းမယ် ၊ အနောက်ခန်းက လိုက်ခဲ့ "

ခြံဝန်းထဲကနေ ကားထွက်ခွာသွားသည်ကို ဒေါ်ခက်ခက်နွယ် သေချာလိုက်ကြည့်နေသည်။ ဘာတွေဖြစ်သွားလဲ သူမ လိုက်မမှီလိုက်ပါ။ 

အခန်းတွင်းကို စူးစမ်းနေမိသည်။

ထိုစဉ် Ringtone သံတစ်ခုက ကုတင်ပေါ်ရှိ ဖုန်းထံမှ ထွက်ပေါ်လာသည်။ သူမ မျက်စိအရသာခံကြည့်နေမိသည်။ 

ဖုန်းဝင်လာသည်။ 

တစ်ခါ၊ နှစ်ခါ၊ သုံးခါ ၊ လေးခါ.....။

ငါးခါမြောက်ပြီးနောက် ဖုန်းသံ ထပ်မမြည်တော့။

တောင် ( မက်ဆေ့ခ်ျဝင်သံ )

UM (Completed)Where stories live. Discover now