" အဲ့တော့ ပြောချင်တာက ခင်ဗျား လူတစ်ယောက်ကို ချစ်မိနေတယ် ၊ အဲ့တစ်ယောက်က ခင်ဗျားအဖေဆေးရုံက ဆရာဝန် ၊ ဒါပေမယ့် ခံစားချက် သိပ်မရေရာဘူးဖြစ်နေတယ် ၊ အဲ့တာကြောင့် ကျွန်တော့်ဆီက အချစ်ရေးအကြံဉာဏ် လိုချင်လို့ ခေါ်လိုက်တာ ၊ ကျွန်တော်က ခင်ဗျားအတွက် အချစ်အကြံပေး လုပ်ပေးရမယ် ဟုတ်လား၊ ဒါ ခင်ဗျားအကြံအကုန်ပဲလား "

" ဟမ် "

" ခင်ဗျားဘာသာ ဘယ်သူ့ကို ကြိုက်ကြိုက် စိတ်မဝင်စားဘူးနော် "

" မင်း အထင်လွဲနေတယ်နော် ၊ အဲ့လို မဟုတ်ဘူး ၊ ဒီမှာ သိတဲ့လူက မင်းပဲရှိလို့ ခေါ်လိုက်တာ သဘောရိုးပဲ "

" ကျွန်တော်တို့က စေ့စပ်ထားတယ်လေ ၊ သဝန်တိုစေချင်လို့ မဟုတ်ဘူးလား "

" ဟမ် အဲ့ကိစ္စက ခုထိမပြီးနိုင်သေးဘူးလား "

" ဘာကို ပြောတာလဲ "

" ‌ဖျက်သိမ်းလိုက်ပြီလေ မင်းမာမီနဲ့ တို့ဖေဖေ "

" ဟမ် "

" ဖျက်သိမ်းလိုက်ပြီ... စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ပြီးပြီလို့ "

" ဘယ်တုန်းကတည်းကလဲ "

" ကြာပြီထင်တယ်နော် ၊ Maybe...... One or two weeks "

မာမီ သူတို့ကို အသိမပေး။ ဘာအတွက်လဲ။

ဘာဖြစ်ချင်နေတာလဲ။ ဘာလုပ်ဖို့ ကြံရွယ်နေတာလဲ။

Fap!

ကူးကူးဟေဇယ်တစ်‌ယောက် စားပွဲကို လက်ဖြင့် ပုတ်လိုက်သည်။

" ဟိတ် "

" ပြော "

" အဲ့တော့ ခု မကိစ္စကို အာရုံစိုက်ပေးနိုင်မလား " 

" တောင်းပန်ပါတယ် ကျွန်တော်တို့ မနက်ဖြန်မှ ထပ်တွေ့ကြမလား ၊ကိစ္စတစ်ခုကို ခုဖြေရှင်းဖို့ လိုနေလို့ "

" ဟ "

" ဒါဆို ခွင့်ပြုပါဦး ၊ မနက်ဖြန် ခင်ဗျား ကြိုက်တဲ့အချိန် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ "

ဘာပြန်ပြောမည်ဆိုတာကို နားမထောင်ပေးတော့ဘဲ

ပြောပြီး ချက်ချင်း ထလာလိုက်သည်။

UM (Completed)Onde as histórias ganham vida. Descobre agora