" ဪ ဘာများလဲလို့ "

မျက်လုံးအပြူးသားဖြင့် နားထောင်လိုက်သည်။

" ဖေဖေက သမီးကိုချစ်တဲ့အချစ် အဲ့တာအချစ်ပေါ့ "

ခံစားချက်ကြီးက မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရသလိုမျိုး။

" ဟား တို့ဖေကြီးကတော့ နောက်ပြီကွာ၊ တော်ပြီ မမေးတော့ဘူး၊

တခြားဟာ ပြောင်းမေးမယ် "

" ဖေဖေ ပြောတာ မှားလို့လား "

" မမှားပါဘူး မမှားပါဘူး၊ ခုမေးတာကိုပါ သေချာ ထပ်ဖြေပေး "

" သမီးကို မနေ့က တစ်ယောက်အကြောင်းပြောပြ "

" ဘယ်သူတုန်း သမီးရဲ့.... "

စက္ကန့်အနည်းငယ်ကြာမျှ စဉ်းစားပြီးနောက်...။

" ဒေါက်တာမင်းစက်ညီကို ပြောတာလား "

" ဟုတ်ဟုတ် "

ခေါင်းကို တညိတ်ညိတ် လှုပ်ပြကာ တလက်လက်ထနေသည့် မျက်ဝန်းတို့ဖြင့် ပြန်ဖြေလိုက်သည်။

ဖေဖေ့ဆီက သူ့အကြောင်းတွေကို သိသင့်သလောက် သိခဲ့ရပြီးနောက် ခြေလှမ်းများကို သွားဌာနဘက်သို့ ဦးတည်လိုက်သည်။

မရေရာမသေချာသည့် ခံစားချက်တို့ကို ဖြစ်ပေါ်စေသူသည် သွားဆရာဝန်လေးတဲ့။

နောက်တစ်ရက်။

ဆေးကောင်တာတွင် သူနာပြုမလေးနှစ်ယောက် တီးတိုးပြောနေကြသည်။ 

" အုပ်ကြီး သမီးဆိုတာလေ၊ နေ့တိုင်းလာနေတယ်နော် "

" ဟုတ်တယ် အုပ်ကြီးက သူ့သမီးနဲ့ ငါတို့ကို လှမ်းထောက်လှမ်းနေတာလားမသိဘူး "

" ဖြစ်နိုင်တယ် "

" ဟဲ့ နေဦး ငါတို့ဌာနက တစ်ယောက်ယောက်ကိုများ မျက်စိကျနေတာလား "

" ဘယ်သူရှိလဲ စဉ်းစားစမ်း စဉ်းစားစမ်း "

" ငါတို့ ဒေါက်တာ ရေခဲတုံးကြီးများလား "

" ဟုတ်ပါ့မလား ဒီတစ်ယောက်လည်း ဒေါက်တာမင်းစက်ဆိုတာ ၊ နေပါဦး ငါစဉ်းစားပါဦးမယ် ငါတို့ဌာနမှာ အချောလေးတွေ အများကြီးပါ "

UM (Completed)Where stories live. Discover now