အခုကျတော့လဲ ဟိုကောင်က လုပ်ငန်းရှင်ကြီးလိုတည်ငြိမ်နေပါ့လား
မင် သူ့ကိုဒီတစ်ခါတော့ လေးစားအားကျမိသွားတာအမှန်ပါ

" Park Jimin ဘာတွေစဉ်းစားနေတာလဲ
လာဦးကျွန်တော့်ဆီကို "

မင် တွေးနေတုန်း သူ့အသံကြောင့်
သူခေါ်ရာထလာခဲ့ပြီး မလှမ်းမကမ်းမှာရပ်ကာ

" ဘာလဲ ... မင်းဘာပြောမလို့လဲ "

" ဒီနားကိုလာဗျာ ဒီမှာပြမလို့ "

Computer ကိုနှိပ်နေရင်း မင့် ကိုမကြည့်ပဲ
တည်ငြိမ်စွာခေါ်နေတော့
သူ့ကိုယုံကြည်စွာအနားတိုးသွားလိုက်သည်

" အို....မင်း "

" ပြော....ခင်ဗျား ဘာလို့သူများပြုံးတိုင်း လိုက်ပြုံးပြနေတာလဲ "

မင် အနားရောက်သွားချိန် လက်ကလေးကိုဆွဲလိုက်တော့ သု့ပေါင်ပေါ်ထိုင်ရက်လေးကျသွားသည်

မျက်နှာလေးရဲလာကာ သူ့ကိုဒေါသတကြီးကြည့်လိုက်ပြီး လှုပ်လဲမလှုပ်ရဲပဲ

" မင်း...မင်း လူရမ်းကား...ဖယ်..ငါ့ကိုလွှတ် "

မေးတာကိုမဖြေပဲ ရန်ပြန်တွေ့နေ‌တာကြောင့်
Jungkook မျက်မှောင်ကြီးကုတ်ကာကြည့်လိုက်ပြီး

" အခုရမ်းကားနေလို့လား "

Jimin ဘာမှပြန်မပြောနိုင်စွာ
အေးစက်စက်ပြောနေသော သူကို
မင် အသည်းတွေယားလာကာ
လက်မောင်းကိုကိုက်ထည့်လိုက်သည်

ကိုက်လိုက်ပေမယ့် အော်သံထွက်မလာတာကြောင့်ကိုက်နေရာကနေလွှတ်လိုက်ပြီး
သူ့ကိုမော့ကြည့်လိုက်တော့
ပြုံးလဲမပြုံး တည်လဲမတည်ပဲ သူ့ကိုစိုက်ကြည့်နေတာကြောင့်
Jimin မျက်နှာလေးပျက်သွားပြီး လန့်လာတော့သည်

" ဖယ်...လွှတ်...လွှတ်...ငါ့ကိုလွှတ် "

" ကိုက်အုံးလေ..ကိုက်လို့၀ပြီလား "

" ဖယ်...ဖယ်....မကိုက်ဘူး "

" လာခဲ့.....ဒါဆိုကျွန်တော်ကိုက်မယ် "

" မင်း...မင်း..."

Jimin တစ်ယောက်သူ့ပေါင်ပေါ်မှာ
မလှုပ်ရဲစွာ သူပြုသမျှနုနေရတော့သည်

Except You ( U+Z ) [ Complete ]Место, где живут истории. Откройте их для себя