Jungkook ရဲ့အနှောင့်မလွတ်တဲ့စကားကြောင့် မျက်နှာလေးရဲသွားကာ
ထမင်းသီးသွားပြီး မျက်ရည်လေးဝဲလာကာ သူပေးတဲ့ ရေကိုသောက်မိလိုက်ပြီး
သူ့ကိုမျက်စောင်းထိုးလိုက်သည်
Nora အဘွားကိုတွဲကာထမင်းစားခန်းထဲ၀င်လာကတည်း ထိုသူကိုလုံး၀ကြည့်မရပေ
ရုပ်ကိုတည်တင်းနေပြီး ဘာမှသာမဟုတ်တာ မာနစွတ်ကြီးနေတဲ့ရုပ်
အခုလဲ ကိုကို့အနားထိုင်ကာ ကူလီကူမာလုပ်ပြနေတာအမြင်ကပ်စရာ
Nora ကိုကို သူမတို့ကိုဂရုမစိုက်ပဲ
အဲ့လူကိုပဲသဲသဲလှုပ်ပြနေပုံကိုကြည့်ပြီး
မျက်နှာလေးမှာ ဟန်ဆောင်ပြုံးထားရသည်
Jungkook အမေဖစ်သူသည် အရှေ့ကမြင်ကွင်းကြောင့်မျက်နှာလေးမဲ့လိုက်ကာ
" သား မင်းတို့မိဘတွေအရှေ့မှာဆိုတာလဲသတိထားဦး "
Jungkook မျက်စောင်းထိုးကာပြောနေသော မေမေ့ကိုကြည့်ပြီး
" ကျွန်တော်တို့ကအမြင်မတော်တာ ဘာတွေလုပ်နေလို့လဲမေမေ....
ဖက်နမ်းပြနေလို့လား......
အဲ့လိုဆိုရင်တော့စိတ်ချ ကျွန်တော့် Hyung ကအရမ်းရှက်တတ်တာဗျ "
" တောက်စ်.... jeon Jungkook ငါမင်းအမေနော် "
ဒေါသတကြီးပြောနေတဲ့ မေမေ့ကိုကြည့်ကာ ပြုံးလိုက်ပြီး
" ကျွန်တော့်အမေမှန်းသိပါတယ် မာမီ
ဒါကြောင့် ကျွန်တော့်ယောကျာ်းကိုလဲ
ကို့သားသမီးလိုဆက်ဆံပေးပါ
တခြားလူတွေအပေါ်မြင်နေတဲ့အမြင်ကို
ကျွန်တော့် Hyung အပေါ်မြင်ပေးလို့မရဘူးလား မာမီ...
တောင်းပန်နေတာမဟုတ်ဘူးနော်
တောင်းဆိုကြည့်တာ "
Jimin သူတို့သားအမိနှစ်ယောက်ကြောင့်
မျက်နှာလေးငယ်နေမိကာ ထမင်းလဲစားမ၀င်တော့ ဒါကြောင့် သူဟိုတို့ ဒီတို့လုပ်နေစဉ်
" ဒီက နာမည်က Park Jimin နော်
ကိုကိုကလေ
ရိုးရာထမင်းဟင်းအရမ်းကြိုက်တာ
ရှင့်ပုံစံကချက်တတ်မယ့်ပုံလဲမပေါ်ပါဘူး...
ပြီးတော့ ရှင်က ဘွဲ့ရောရပြီးပြီလား "
Jungkook အမေဘေးကမိန်းကလေးက အထင်သေးသလိုပုံစံမျိုးဖြင့်မေးနေတာကြောင့်
Jimin ခေါင်းလေးမော့ကာ ပြုံးလိုက်ပြီး
DU LIEST GERADE
Except You ( U+Z ) [ Complete ]
RomantikUni + Zaw 🔥 မမျှော်လင့်ပဲ သူစိမ်းတစ်ယောက်နဲ့ လက်ထပ်မိသွားသောအခါ 🤭💜🙆 ရုပ်ရှင်တစ်ခုကိုအခြေခံပြီးရေးထားတာဆိုပါတော့ ဘယ်သူ့ဘယ်သူကိုမှ copy ထားတာမဟုတ်ပေမယ့် ဇာတ်ကွက်ကတော့ အခြေခံယူထားတာမလို့ အဆင်ပြေမှ၀င်ဖတ်ပေးစေချင်ပါတယ်☺️🤗 မေမွ်ာ္လင့္ပဲ သူစိမ်းတစ်ယော...
Part - 7
Beginne am Anfang
![Except You ( U+Z ) [ Complete ]](https://img.wattpad.com/cover/302012381-64-k221306.jpg)