သူမ မျက်လုံးတို့ မှိတ်ထားခဲ့ပေမယ့် သူက သူမကို စက္ကန့်အနည်းငယ် ကြာတဲ့အထိ စိုက်ကြည့်နေခဲ့တယ် ဆိုတာကိုတော့ သူမ ခံစားလို့ရခဲ့သည်။ သို့သော်လည်း သူကတော့ ဘာမှ မပြောဘဲ ထွက်သွားခဲ့သည်။ နင်မုန့် ကိုယ့်မျက်နှာကိုယ်ပြန်ရိုက်လိုက်သည်။ သူမ နှလုံးသားကို ရွေ့လျားခွင့် ပေးဦးမှာ မ‌ဟုတ်သေးဘူး!။

ဆေးကြောပြီးတဲ့အခါ 'ပျော်ရွှင်စရာ ဆောင်းဦးအလယ် ပွဲတော်နေ့ပါ' လို့ ပို့ထားတဲ့ စာအနည်းငယ်ကို တွေ့လိုက်ရသည်။

သုရုံ : [မုန့်မုန့် 'ပျော်ရွှင်စရာ ဆောင်းဦးအလယ် ပွဲတော်နေ့နော်။ ငါအမြဲတမ်း နင့်အကြောင်းတွေ စောင့်ကြည့်နေတုန်းပဲ။ ဘဝဖူးပွင့်ချိန်ရဲ့ second volumeနဲ့ ပတ်သက်ပြီး အကူအညီလိုတာနဲ့ ငါ့ပြောနော်]

“??”

' ဘယ်သူကြီးတုန်း?’

လင်းချင်ပေ့ : [ပျော်ရွှင်စရာ ဆောင်းဦးအလယ် ပွဲတော်နေ့ပါ။ စိတ်မပူနဲ့နော်။ မကြာခင်မှာပဲ ငါ့ရဲ့ albumအသစ်နဲ့ မင်းအတွက် ပြန်လာခဲ့မယ်]

“??”

ဘာဖြစ်လို့ သူက သူမကြောင့် သီချင်းရေးမှာလဲ။ နင်မုန့် သူတို့ကို လစ်လျူရှူလိုက်ရင်းသာ နင်စံအိမ်ဆီကို မောင်းသွားလိုက်ပြီး လမ်းက ဆေးဆိုင်မှလည်း ချောင်းဆိုးပျောက်ဆေး အနည်းငယ် ဝယ်သွားလိုက်သည်။ နင်မုန့် အထဲသို့ ဝင်ပြီး မကြာခင်မှာပဲ နင်ဝမ့်ထောင်ရဲ့ ရွှင်ပြနေတဲ့ မျက်နှာကို မြင်လိုက်ရသည်။

ကုမ္ပဏီအနေနဲ့ အကျိုးအမြတ် သန်း၅၀၀ကို ပြန်ရလိုက်တာဖြစ်သည်မို့ သူ့ခေါင်းကိုက်မှုတွေ ပျောက်သွားပြီဖြစ်သလို ခါးနာကျင်တဲ့ ဝေဒနာကိုပါ မခံစားရတော့ ‌အရင်က နာမကျန်းဖြစ်ခဲ့တာတွေပါ အကုန် လေထဲမှာ ပျောက်ကုန်ပြီ ဖြစ်သည်။

သူဆိုဖာပေါ်မှာ ခပ်မတ်မတ် ‌ထိုင်လိုက်သည်။ ချောင်းဆိုးထားတာကြောင့် အသံက အက်ကွဲနေသေးပေမယ့်လည်း ‌အစေခံနဲ့ စကားစမြည် ပြောလို့နေသေးလေ၏။ "‘Shifting to Mars’ကို ကြည့်ပြီးပြီလား။ မုန့်မုန့်က အဲ့ကားမှာ ရင်းနှီးမြှုပ်နှံ ထားခဲ့တာ။ တကယ်လို့ မကြည့်ရသေးရင် ဒီညပဲ သွားကြည့်လိုက် ရုပ်ရှင်လက်မှတ်ဖိုး ငါပေးပေးမယ်။ မုန့်မုန့်အတွက် အဲ့အရာက လွယ်ကူခဲ့တာ မဟုတ်ဘူး သိလား။ အဲ့အချိန်တုန်းက ကုမ္ပဏီတစ်ခုလုံးက လူတွေက ကန့်ကွက်ခဲ့ကြတာတောင်မှ မုန့်မုန့်က ဆုံးဖြတ်ချက်ကို မပြင်ပဲ အတိုက်အခံလုပ်ပြီး ရင်းနှီးမြှုပ်နှံခဲ့ရတာ"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now