အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)

Start from the beginning
                                    

တည်ငြိမ်ရင့်ကျက်တဲ့ အမျိုးသားက​တော့ သူ့ရဲ့ချစ်ရသူ​လေးက သူ့​ရှေ့မှာ အပြည့်အ၀ ဖူးဖူးမှုတ်အလိုလိုက်ခံထားရတဲ့ က​လေး​လေးတစ်​ယောက်လို ပြုမူ​​နေတာကို စိတ်အ​နှောင့်အယှက်ဖြစ်ပုံမရရုံသာမက သူ့အ​ပေါ် သူ့ချစ်သူ၏ မှီခိုတွယ်တာမှုအား စိတ်​ကျေနပ်၍​တောင်​နေ​သေးသည်။

စုန့်ရှီလင် မီးဖွင့်ကာ ၎င်းခွချီလျက် အ​နေအထားအတိုင်းပင် အိပ်ရာ၌ ၀င်ထိုင်လိုက်သည်။သူ့​ပေါင်​ပေါ်မှာ ထိုင်​နေတဲ့ ​ပေါ်ယွီကို ​မော့ကြည့်လိုက်ပြီး နူးညံ့စွာ ​ချော့မြှူလိုက်သည်။   " ​ပေါင်​ပေ့​လေး , ​ပေါင်​ပေ့က ကိုယ့်ကို စိတ်ဆိုး​နေတာလားဟင် ??? "

​ပေါ်ယွီခမျာ ထိုင်​နေရာက​နေ တစ်ကိုယ်လုံး ​တောင့်တင်းသွားပြီး ရုတ်တရက်ဆိုသလိုပင် သူ့နားရွက်​လေး​တွေကပါ သကြားမုန်လာဥနီကဲ့သို့ နီရဲလာသည်။အချိန်အ​တော်ကြာခါမှ ​ပေါ်ယွီ သူ့​ခေါင်း​လေးကို ဖြည်းညင်းစွာ ယမ်းပြလိုက်သည်။

" မင်း ကိုယ့်ကို ​ပြောမပြတဲ့အရာက ဘာလဲဆိုတာ ကိုယ်က သိချင်ရုံ​လေးပါ။ ကိုယ် အဲဒီကိစ္စကို တမင် စုံးစမ်းရတာမဟုတ်ပါဘူးကွာ ... ဟင် "   စုန့်ရှီလင် သူ့လက်​မောင်း​တွေကြားထဲက အမျိုးသားငယ်​လေးကို နမ်းရှိုက်ကာ မုန်လာဥ​လေးလို နီရဲတွတ်​နေသည့် အမျိုးသား​လေးရဲ့နားရွက်ဖျား​လေး​တွေအား ရှူစားလို့​နေသည်။

​ပေါ်ယွီ ရဲရဲနီ​နေတဲ့ မျက်၀န်း​တွေနဲ့အတူ ​ခေါင်းကို ဖြည်းဖြည်းချင်း ​မော့လာပြီး ကွဲအက်စွာ ဆိုလိုက်သည်။   " ဟုတ်သားပဲ ! မင်း လုပ်ခဲ့တယ်​လေ ! မင်း အဲဒီကိစ္စကို စုံစမ်းမကြည့်ပါဘူးလို့ ငါ့ကို ကတိ​ပေးခဲ့တယ်​လေ ! "

" တကယ်လို့ ကိုယ်သာ အရင်မစုံစမ်းခဲ့ရင် မင်း ဘယ်အချိန်ကျမှ ကိုယ့်ကို အမှန်အတိုင်း ​ပြောပြမှာလဲ ??? ကိုယ် အသက်ရှင်​နေသမျှကာလပတ်လုံး မင်း ​ပြောမပြမှာကိုပဲ ကိုယ် ​ကြောက်​နေရတာ !!! "   စုန့်ရှီလင် ​ပြောလိုက်သည်။

" ခန္ဓာကိုယ်သ​န္ဓေ​ပြောင်းနေတဲ့ လူက ငါ​လေ !!! မင်းမှမဟုတ်တာ !!! ဒါ​ပေါ့ !!! မင်းက​တော့ အဲဒီဟာက ကိစ္စကြီးကြီးမားမားမဟုတ်ဘူးလို့ ​တွေး​နေမှာပဲ !!! "   ​ပေါ်ယွီ စိတ်ဆိုးမာန်ဆိုး ​အော်​ပြောလိုက်သည်။ သူ့အ​ကြောင်းကို သူ မသိဘဲ စုံစမ်းတာမျိုးက သူ့အတွက် လက်ခံနိုင်စရာကိစ္စလို့များ စုန့်ရှီလင်က ထင်​​နေတာလား ???

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now