အပိုင်း ၈(Zawgyi)

Magsimula sa umpisa
                                    

လဲ့ယောင်းယောင်းက သူမ၏ တံတွေးကို သိသိသာသာ မျိုချလိုက်သည်။  သူမမျက်နှာတွင် အပြုံးတစ်ခုရှိသော်လည်း သူမမည်မျှထိတ်လန့်နေသည်ကို ဘုရားသခင်သာလျှင်သိသည်။

လန်ဂျင်းယွိကတော့ လဲ့ယောင်းယောင်း မသက်မသာဖြစ်တာကို သူ ပြုံးပြနေတာကြောင့် သဘောကျနေတာ ဖြစ်နိုင်ပါတယ်။  သို့သော် စကားလုံးများ ထွက်လာသောအခါတွင် နှင်းမုန်တိုင်းများထက် ပိုအေးသည်။

"မင်းက ငါ့ကိုကိုက်ရဲတဲ့ ပထမဆုံးသောသူပဲ... "

သူ့ အသံခပ်နိမ့်နိမ့်က ပျင်းရိစွာနဲ့ ဆက်စီကျစွာ ထွက်လာခဲ့တယ် ။ သူ့  အသံက မယုံနိုင်လောက်အောင် ဟော့ လွန်းနေတာပဲ။

ဒါပေမယ့် သူ့ပတ်ဝန်းကျင်က အန္တရာယ်ရှိတဲ့ ရောင်ဝါကို လျစ်လျူရှုဖို့ မဖြစ်နိုင်ပါဘူး။

ယခုတော့ လဲ့ယောင်းယောင်းက သတိလစ်မတပ် ကြောက်လန့်နေလေသည်။  သူမရဲ့ လုပ်ရပ်ကို အရမ်းနောင်တရပြီး အူတွေတောင် အစိမ်းရောင်ပြောင်းနေလောက်ပြီ ။

အို့ ဘုရားရေ သူ ငါ့ကို နမ်းတာ ဒီအတိုင်းထားလိုက်ပေးသင့်တာ ငါ့  ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဆုံးရှုံးသွားမှာလည်း မဟုတ်ဘူး။  ဒါ​ပေမယ့်​ အခု​ သူ ​ဒေါသထွက်​​နေ​တော့ ငါ့ ​ခေါင်းပြုတ်တော့မှာပဲ ။

လဲ့ယောင်းယောင်း ငိုချင်လာသည်။  သူမက တစ်ကြိမ် သေဆုံးခဲ့ပြီးဖြစ်သည်။  သူမသည် ဤပတ်ဝန်းကျင်အသစ်နှင့် ထိတွေ့ရုံမျှသာဖြစ်ပြီး ယခု သူမ ထပ်မံသေဆုံးရတော့မည်ဖြစ်သည်။  သာမာန်လူတစ်ယောက်က သူမ၏သေဆုံးခြင်းဝေဒနာကို ထပ်ခါထပ်ခါ နားမလည်ပေ။

ဒါပေမယ့် သူမ မသေချင်သေးဘူး!  သူမ အသက်ရှင်ချင်တယ်!

ထို့ကြောင့် သူမသည် မျှော်လင့်ချက်အလင်းရောင်ကို ဆုပ်ကိုင်ထားသည်။  ချက်ချင်းပင် သူမ၏ မျက်နှာကို အပြုံးတစ်ခုဆီ ပြောင်းလဲလိုက်သည်။  သူမက မျက်နှာအပြောင်းအလဲလုပ်ခြင်းတွင် အလွန်ကောင်းမွန်ပြီး၊ သူမသည် Sichuan မှနာမည်ကြီးသော ရုပ်အပြောင်းအလဲလုပ်သူများနဲ့တောင် ယှဉ်နိုင်သည်။

"ဝူးးး ဝူးးးး (ငိုနေတာ) မင်းသား ယွေ့ ငါ ..ငါ နင့်ကို ကိုက်လိုက်ဖို့ မရည်ရွယ်ပါဘူး, အ.. အ.. အမှန်တကယ်က အရင်ကရော အခုရော ငါကအဖြူ ထည်လေးပါ!
ဒါ... ဒါပေမဲ့... မင်း.. မင်းသားယွေ့က
ရုတ်...ရုတ်တရက်.... ဝူး...ဝူး...ဝူး..
ငါကြောက်သွားလို့ပါ ...ဝူး..ဝူး..ဝူး.."

လဲ့ယောင်းယောင်းက သူမကို ပိုယုံကြည်လာစေဖို့ မျက်ရည်ဝိုင်းနေတဲ့ မျက်ဝန်းလေးတွေကိုလည်း  ထည့်သွင်းခဲ့သည်။

သူမရဲ့ စိုစွတ်နေတဲ့ မျက်ဝန်းတွေက အဆက်မပြတ် လှုပ်ရှားနေ၏။  သူတို့က နေဝင်ချိန်ရဲ့ တောက်ပတဲ့ ရောင်ပြန်ဟပ်မှုလိုပါပဲ။  အဲ့ဒါက အရမ်းထိမိတယ် ။  သူမရဲ့ သနားစရာကောင်းတဲ့အမူအရာကိုလည်း ထည့်သွင်းလိုက်တဲ့အခါ သူမက အပြစ်ကင်းတဲ့ သူရဲဘောကြောင်တဲ့ ယုန်တစ်ကောင်လိုပါပဲ။  သူမကိုမြင်ဖူးသူတိုင်း ချက်ချင်းစိတ်မကောင်းဖြစ်မိလိမ့်မယ်

လန်ဂျင်းယွိကလည်း ချွင်းချက်မရှိပါဘူး။  ဘာကြောင့်မှန်း သူမသိပေမယ့် မျက်ရည်ဝိုင်းနေတဲ့ မိန်းမစိုးကို မြင်လိုက်ရခြင်းက သူ့နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။  အဲဒါက သူ့ကို အရမ်းညံ့တယ်လို့ ခံစားရတယ်။

သို့သော် ခဏအကြာတွင် လန်ဂျင်းယွိ ရုတ်တရက်ကြီး အလင်းထပေါက်သွားသည်။

ဘုရားရေ! ငါဘာလုပ်လိုက်တာလဲ ? ငါ တကယ်ပဲ.....   မိန်းမစိုးကို နမ်းခဲ့တာလား ?

🤍23.1.2022🤍

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးTahanan ng mga kuwento. Tumuklas ngayon