အပိုင်း (၁၅)

Start from the beginning
                                    

သူက ရုံးခန်းတံခါးကို တင်းတင်းစေ့ပိတ်ထားတာ မြင်တော့ တံခါးခေါက်ဖို့ရွယ်လိုက်သည်။ ထိုအခါ အနားက အတွင်းမှူးက သူ့ကို လှမ်းတားသည်။

အတွင်းရေးမှူးက ပြောသည်။

"ဥက္ကဋ္ဌဟယ့် အထဲမှာ အလုပ်လုပ်နေတယ်"

သို့နှင့်​ ဦးလေးကျန်းက စာရွက်စာတန်းနှင့် နေ့လည်စာထမင်းဗူးကို အတွင်းရေးမှူးထံပေးလိုက်ကာ ပြောသည်။

"ထမင်းဗူးက လူကြီးမင်းရွှီ ကျွန်တော်နဲ့ ထည့်ပေးလိုက်တာ"

အတွင်းရေးမှူးသည် ရွှီချန်ရန့်၏ ဖြစ်တည်မှုကို သိထားပြီးဖြစ်သည့်အတွက် ခေါင်းညိမ့်ပြလိုက်သည်။ သူက ပစ္စည်းများကို ဘေးမှာထားလိုက်ကာ အလုပ်ဆက်လုပ်​နေလိုက်သည်။

ရုံးခန်းထဲမှ တစ်စုံတစ်ရာ လှုပ်ရှားသံများကြားရသည့်အခါ အတွင်းရေးမှူးက ချက်ချင်းထိုင်ရာမှထလိုက်သည်။ ထို့နောက် အမျိုးသားတစ်ဦး ရုံးခန်းထဲမှ ထွက်လာသည်။

ထိုအမျိုးသား၏ဘေးတွင် နောက်ထပ် သူစိမ်းလူငယ်လေးတစ်ယောက်လည်း လိုက်လာသည်။

အတွင်းရေးမှူးသည် ထိုလူငယ်လေးကို အကြိမ်အနည်းငယ် ထပ်မံကြည့်လိုက်ပြီးနောက် သူ့အကြည့်များကို လွှဲလိုက်သည်။

လွန်ခဲ့​သောနာရီဝက်ခန့်က ဥက္ကဋ္ဌ ဟယ့်ထံ ဖုန်းတစ် call ဝင်လာသည်။ ထို့နောက် သူက အပြင်သို့ အမြန်ထွက်သွားပြီး ပြန်ရောက်လာတော့ သူ့ဘေးတွင် အဲ့ဒီလူပါ ပါလာခဲ့တာဖြစ်သည်။

အတွင်းရေးမှူးက ပြောလိုက်သည်။

"ဥက္ကဋ္ဌ ဟယ့်၊ စာရွက်စာတန်းတွေ ယူလာပါပြီ"

ဟယ့်ရန်: "စာရွက်စာတန်းတွေကို ငါ့စားပွဲပေါ်တင်ထားလိုက်"

"ပြီးတော့ လူကြီးမင်းရွှီရဲ့ ပစ္စည်း"

အတွင်းရေးမှူးက နေ့လည်စာ အပူခံထမင်းဗူးလေးကို ထုတ်ပြလိုက်သည်။

ဟယ့်ရန်သည် ထိုထမင်းဗူးကို ကြည့်လိုက်ပြီး ဘာစကားမှ မပြောပေ။

တစ်ဖက်မှာတော့ ဘေးနားရှိလူငယ်လေးက အရှေ့သို့တိုးလာကာ စပ်စုသလိုမေးလိုက်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now