" အဲ့အစ်မနဲ့ တွေ့တာ "

" အွန်း "

ဒီတစ်ခါ ' အွန်း 'ကတော့ သူပြောနေသည်မှာ လိုရင်းမရောက်၍ နည်းနည်း စိတ်မရှည်ချင်သည့် အသံ။

" သူ့‌ခွေးလေးက ငါ့ကို အရမ်းကပ်တာ သိလားမောင် ၊
ချစ်ဖို့လည်း အရမ်းကောင်းတယ် ၊
အဲ့တာ ငါဆော့တောင် ဆော့ခဲ့လိုက်သေးတယ် "

" ခ သူစိမ်းတွေနဲ့ အရမ်း ရင်းရင်းနှီးနှီးမနေနဲ့နော် ၊
မောင် .... "

မောင်က ဆက်ပြောမည့် စကားအား ပြောသင့်မပြောသင့်
တွေးတောနေသည် ထင်ပါ့။

" အွန်းပါ၊ မောင် မကြိုက်ဘူး ဟုတ်တယ်မလား "

သူသိပါသည်။ မောင်က သူ့ကို လူတွေနဲ့ ထိ‌တွေ့ဆက်ဆံခွင့်မပေးခဲ့သလို မောင်ကိုယ်တိုင်ကလည်း စီးပွားရေးပါတနာ‌များနှင့်က လွဲ၍ လူမှုပေါင်းသင်းဆက်ဆံရေး လုံး၀မကောင်းပေ။

" ၀င်ရအောင်၊ ဗိုက်ဆာပြီလား ခ "

ထူးဆန်းသည်က မောင်က အရင်လို သူ့အပေါ် ရန်လိုသည့်အပြုအမူမျိုး သိပ်မရှိတော့ပါ။ ရှိခဲ့ရင်တောင် မောင်က ပြန်ထိန်းတတ်သည်။ ခုနောက်ပိုင်း ဘာလုပ်လုပ် သူ့အတွက် စဥ်းစားပေးလာသည်လို့ဘဲဆိုရမည်။

" အင်း၊ နည်းနည်း "

" ဟိုတယ်မှာ သွားစားချင်လား "

မောင် သူ့ကို ဘာလို့ ဒီလိုမေးလဲဆိုတာ သူသိသည်။
ဟိုတယ်က စီစဥ်ပေးသည့် ညစာစားပွဲတွင် ခုနက သိသည့်အစ်မနှင့် တွေ့လိုတွေ့ငြားပင် ဖြစ်သည်။

" ဟင့်အင်း လူများတယ်မောင် ငါမသွားချင်ဘူး "

" ဒါဆိုလည်း ခစားချင်တာ လာပို့ခိုင်းလိုက်မယ်လေ "

" ဟုတ်ပါပြီ၊ လောလောဆယ် အင်္ကျီအရင် သွား၀တ်သွား "

လှည့်ထွက်တော့မည့်မောင့်ကို တစ်ခုမှာလိုက်သေးသည်။

" မောင့် ငါ့အတွက် အပေါ်၀တ်တစ်ထည်လောက် ယူခဲ့ပေး "

အကုန် စားပြီးသောက်ပြီးသွားတော့ မောင်က
အိပ်ချင်သလိုဖြစ်နေတာကြောင့် စောစောအိပ်ခိုင်းလိုက်သည်။ မနက်ကျရင်လည်း စောစောပြန်ကြရမည်မဟုတ်လား။
သူကတော့ မအိပ်ချင်သေး၍ စောင်တစ်ထည်ယူပြီး
ခြံထဲဆင်းကာ မြက်ခင်းပြင်ပေါ်တွင် အခင်းခင်းပြီး ထိုင်နေလိုက်သည်။ တအောင့်နေတော့ မျက်ခွံတို့က အနည်းငယ်‌ မှေးစင်းလာ၍ အထဲပြန်မဝင်ဖြစ်ဘဲ ခြံထဲတွင်သာ အိပ်ပျော်သွားသည်။

UM (Completed)Where stories live. Discover now