အခန်း-၆၅(​ဖော်ထုတ်ခြင်း)

Start from the beginning
                                    

​ပေါ်ယွီက အိပ်ရာ​ပေါ်မှ​နေ ခုန်ဆင်းဟန်ပြင်​နေတဲ့ တန်တန်အား အမိဖမ်းကိုင်ပြီး သူ့လက်​မောင်း​တွေထဲမှာ ​ပွေ့ချီလိုက်ရင်း အ​ကောင်ငယ်​လေးရဲ့ စူးစူးရှရှ​ဟောင်သံ​လေး​တွေနဲ့ ရုန်းကန်တွန်းထိုး​နေတာ​တွေကို လျစ်လျူရှူကာ ​ရေ​နွေး​နွေး​လေးထဲဆီ တန်တန်ကို ထည့်​ပေးလိုက်သည်။အဲဒီ​နောက် ​ပေါ်ယွီက အ​ကောင်ငယ်​လေးအား ကျွမ်းကျင်လျင်မြန်စွာဖြင့် ​​ရေမိုးချိုး​ပေးခြင်းအလုပ်ကို လုပ်ကိုင်လိုက်သည်။

" ဝုတ် ! "   နူးညံ့ပွရွ​နေတဲ့ လှလှပပ အ​မွှေးဖွှာဖွှာ​လေး​တွေက စိုရွှဲသွား​လေရာ ​အ​မွှေး​လေး​တွေ ဖုံးအုပ်ထားတဲ့ အ​ကောင်ငယ်​လေးရဲ့ခန္ဓာကိုယ်​လေးက ထွက်​ပေါ်လာခဲ့သည်။၎င်းက အဖြူ​ရောင်​လေးဖြစ်ပြီး ၀၀ကစ်ကစ်​လေးလည်းဖြစ်သည်။

" တန်တန်က အမြဲတမ်း အများကြီးစားပြီး လမ်းကိုကျ နည်းနည်း​လေးပဲ ​လျှောက်​တော့ သူ အရမ်းကို ၀တုတ်လာလိုက်တာ ​ခွေးသား​ဟော့​ပေါ့လုပ်စားဖို့အတွက်​တောင် အဆင်သင့်ဖြစ်​နေပြီ ??? "   ​ပေါ်ယွီက ​ရေ​တွေရွှဲရွှဲစို​နေတဲ့ တန်တန်ကို ​ကောက်ချီကာ ပဝါအ​ခြောက်တစ်ထည်နဲ့ ​ရေသုတ်​ပေးလိုက်ပြီး​နောက် dryer ကို ထုတ်ယူလိုက်သည်။

တန်တန်က တအီအီအသံပြုရင်း သူ့အား​ဟော့​ပေါ့လုပ်မစားဖို့ အသနားခံသည့်အ​နေဖြင့် ​ပေါ်ယွီ့လက်ကို သူ့လျှာ​လေးနဲ့ လျက်​နေသည်။ခဏကြာတဲ့အခါ တန်တန်က ​ပေါ်ယွီရဲ့အာရုံမစိုက်မှုကို အခွင့်​ကောင်းယူကာ နံကပ်​ဘေဇင်​ပေါ်မှ ခုန်ဆင်းသွားလိုက်သည်။အဲဒီ​နောက် တန်တန်က သူ့အ​မွှေးစို​လေး​တွေကို ခါထုတ်လိုက်​လေရာ ​ရေမှုန်​ရေမွှား​လေး​တွေဟာ ​လေထဲ လွင့်စင်လာခဲ့သည်။အ​မွှေး​လေး​တွေ ​ခြောက်​သွေ့လုနီးပါးအချိန်၌ တန်တန်က သူ့​ခြေ​ထောက်တိုတို​​လေး ​လေး​ချောင်းနဲ့အတူ ဖရဲသီး​လေးရဲ့အခန်းဆီ ချက်ချင်း ​ပြေး၀င်သွား​တော့သည်။

ပြီးတွင် သူ့မျက်နှာ​လေး​ပေါ်ရှိ မ​ကျေနပ်မှု​လေး​တွေကို ​ဖော်ပြသည့်သ​ဘောဖြင့် ​ပေါ်ယွီအား အကြည့်​လေးတစ်ချက်​တောင်မှ မ​ပေးခဲ့​ပေ။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now