"အိုး အချိန်ကို ကြည့်ပါဦး! နောက်တောင် ကျနေပြီဆိုတော့ ကျွန်မ အိမ်ပြန်ရတော့မယ်။ အန်တီမေလင်းရေ ကျွန်မ အရင်ပြန်တော့မယ်နော်။ ဟုတ်သား 'နတ်ဘုရား' ‌ကပဲ ကျွန်မကို လိုက်ပို့ပေးပါလိမ့်မယ်"

ဘာကိုမှ သတိမထားမိစွာပဲ ဟန်မေလင်းက ခေါင်းငြိမ့်လိုက်ပြီး "ကောင်းပြီလေ တာ့တာ"

နင်မုန့်က နတ်ဘုရားကို လက်ဝေ့ပြပြီး ပြောလိုက်သည်။ "သွားကြမယ်"

နတ်ဘုရားကတော့ သူမ နောက်မှ ပျော်ရွှင်စွာ လိုက်သွားလေ၏။

သူ၏ လှပပြီးတောက်ပတဲ့ မျက်ဝန်းတွေက သူမရဲ့ နူးညံ့ပြီး ဖြူဖွေးတဲ့ လက်တွေရဲ့ လှုပ်ရှားမှုပေါ် အတွေးတွေနဲ့ ကျရောက်လို့ နေသည်။ ဘာလို့လဲ? သူ့ရဲ့ ဒေါ်လေးကို ပြောပြလိုက်ရင်ရော ဘာဖြစ်မှာမို့လို့လဲ? အင်း ဒါဆို အရမ်းရိုင်းသွားမှာပဲ။

ဟန်မေလင်းရဲ့ ရုံးခန်းကနေ ထွက်လာပြီးတဲ့အခါ နင်မုန့်က အလျင်အမြန်ပဲ တိတ်ဆိတ်တဲ့နေရာကို ရွေးလိုက်သည်။

သူမ ပါးစပ်တို့ လှုပ်ရှားမယ်ဆိုရင်ပဲ ပါပီကောင်လေးက သူတစ်ခုခု အမှားလုပ်ထားမိတဲ့အလား ခေါင်းငုံ့ထားလေ၏။

"ကျွန်တော်တို့ ဆက်ဆံရေးကို ကျွန်တော့ဒေါ်လေး သိသွားမှာ ကြောက်နေတာလား"

ပြီးနောက်မှာတော့ သူက ခေါင်းမော့လာပြီး သူမ မျက်လုံးတွေကို ကြည့်လာသည်။ သူ့ရဲ့ ဖြူဖွေးနေတဲ့ မျက်နှာက ခိုင်မာတဲ့ ခံယူချက်ကို ပြသလို့နေသည်။

"တကယ်လို့ အဲ့လိုသာဆိုရင် ကျွန်တော် ဘာကိုမှ မပြောပါဘူး။ ပြီးတော့ အခု ကျွန်တော်က ဘွဲ့တောင် မရသေးတာ။ ကျွန်တော် အရွယ်မရောက်လာရင် အမကို ကာကွယ်ပေးနိုင်စွမ်း အပြည့်အ၀ ရှိဦးမှာ မဟုတ်ဘူး"

“…”

အော်!!!!! ဒီကောင်လေးက အရမ်း ချစ်ဖို့ကောင်းတာပဲ!

ပြီးနောက်မှာတော့ ကောင်လေးရဲ့ သတိနဲ့ မေးတဲ့ မေးခွန်းကို ကြားလိုက်ရသည်။ "ဒါဆို အမ... ဒီည ကစားကြမလား? ကျွန်တော်တို့ onlineမှာ မကစားရတာ အရမ်းကြာနေပြီလေ"

“??”

ဒါကဘာလဲ ခြိမ်းခြောက်နေတာလား?

သူမ စိတ်ကူးယဉ်လွန်းနေတာပဲ ဖြစ်မှာပါ။ ဒီပါပီကောင်လေးက အရမ်းချစ်ဖို့ကောင်းပြီး အပြစ်ကင်းတာ။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now