-

Mars Entertainmentတွင် ဖြစ်သည်။

ကျောရိုးတစ်ခုလုံး စိမ့်ပြီး ကြက်သီးထနေတာကို နင်မုန့် ခံစားလို့ ရနေ၏။

ညနေပိုင်းက ဟန်မေလင်းက သူမဆီ လာခဲ့ရန် နင်မုန့်ထံ messageပို့လာခဲ့၏။ ဒါကြောင့်ပဲ နင်မုန့်အနေနဲ့ အကြောင်းအရင်း မသိသည့်တိုင် သူမဆီသို့ ရောက်လာခဲ့တာ ဖြစ်သည်။

ဟန်မေလင်းရဲ့ ရုံးခန်းထဲသို့ ဝင်လိုက်တဲ့အခါ သူမရဲ့ အန်တီမေလင်းက ဖိုင်တွဲ အမျိုးအစား အများကြီးကို ကိုင်ထားရင်း စားပွဲမှာတင် မျိုးစုံသော ဖုန်း‌ခေါ်ဆိုမှုတွေကို ဖြေကြားနေတာ မြင်လိုက်ရသည်။

ရုံးခန်းထဲသို့ ဝင်လာသည့် နင်မုန့်ကို မြင်လိုက်ရတဲ့အခါ ဟန်မေလင်း ချက်ချင်းဆိုသလို အလျင်အမြန် ချက်လက်မှတ်ထုတ်ပြီး သူမကို ပေးလာလေ၏။

ယွမ် သန်း၂၀၀တန် ချက်လက်မှတ် ဖြစ်သည်!!

နင်မုန့်က အံ့ဩစွာ မေးလိုက်သည်။ "အန်တီ မေလင်း ဒါကဘာအတွက်လဲ"

ဒီနေ့ ဟန်မေလင်းက သူမရဲ့ စိတ်အခြေအနေ ကောင်းနေကြောင်း အဓိပ္ပာယ်ပါသည့် နှုတ်ခမ်းနီ အနီရောင်ဆိုးထားသည်။

"ငါသိတယ်...ငါသိတယ်...ဒုတိယမြောက်နေ့မှာ နင် ရင်းနှီးမြှုပ်နှံခဲ့တဲ့ ပမာဏက သန်း၁၀၀ဆိုတာ။ ဒါပေမယ့် အဲ့ပိုက်ဆံတွေက နင့်ရဲ့ ကိုယ်ပိုင်အိတ်ထဲက ထုတ်ထားတဲ့ ပိုက်ဆံတွေ ဆိုတာလည်း သိတာမို့ ငါပြန်ပေးတာ"

နင်မုန့် အလျင်အမြန်ပဲ ခေါင်း‌ခါလိုက်ပြီး "မလုပ်ပါနဲ့...အဲ့လို လုပ်စရာ မလိုပါဘူး...."

“Shifting to Mars” ထုတ်လုပ်ဖို့အတွက် ဟန်မေလင်းက သန်း၃၀၀ရင်းနှီးထားချိန် Lemon Entertainmentကတော့ သန်း၁၀၀သာ ရင်းနှီးမြှုပ်နှံခဲ့သည်။ ပြီးတော့ ဒါ့အပြင် Lemon Entertainmentက ရုပ်ရှင်ရဲ့ ရှယ်ယာ 50%ကိုလည်း ခံစားခွင့်ရဦးမှာ ဖြစ်လေသည်။ ထိုအမှန်တရားက နင်မုန့်စိတ်ကို သက်သောင့်သက်သာ မဖြစ်စေတာမို့ သူမ ကိုယ်ပိုင်ပိုက်ဆံ သန်း၁၀၀ကို ထပ်သုံးလိုက်တာ ဖြစ်၏။

သန်း၂၀၀ ရင်းနှီးမြှုပ်နှံထားတယ် ဆိုတာကလွဲ Lemon Entertainment အခြေအနေက ကောင်းနေသေးတာကို သူမအနေနဲ့ ဘယ်လိုစိတ်နဲ့များ ဒီပိုက်ဆံတွေကို ဟန်မေလင်းဆီက ယူရပါ့မလဲ။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now