မောင်ကသာ ခရီးဆောင်အိတ်‌တွေလို့ ပြောတာ ၊

ပါတာမှ မောင်နဲ့သူ့ရဲ့အ၀တ်အစားရှစ်စုံလောက်သာ

ထည့်ထားသည့် အိတ်အသေးစားလေးရယ်။

ည၁၀နာရီလောက်ကတည်းက ထွက်လာသည့်အတွက်မနက်၂နာရီမှာ ဒီကိုရောက်သည်။ သူတို့ရောက်တော့ မှောင်နေ၍ လူသိပ်မမြင်ရဆိုပေမယ့် သဲသောင်ပြင်မှာ camp ထိုးပြီး နေနေကြတဲ့ လူအစုတွေရှိတာကိုတော့ သိသည်။ ညဘက်ဆိုပေမယ့် လင်းလင်းထိန်ထိန်ပါပဲ။ ဒီဘက်မှာ မှောင်နေရသည့် အကြောင်းအရင်းကတော့ မောင်က မီးအလင်းရှိသည့်ဘက် (ဟိုတယ်ဧရိယာ) နှင့် ဝေးသည့်နေရာမှာ

ကားကိုရပ်ထား၍ ဖြစ်သည်။

" မလာသေးဘူးလားဟင်၊ ဖုန်းတစ်ချက်ဆက်ကြည့်ပါဦးလား၊ ငါနားချင်နေပြီ မောင်"

" မောင်ဆက်လိုက်မယ်နော်၊ ခ ကားထဲ သွားစောင့်နေလိုက် "

မောင်ပြောသလိုဘဲ ကားထဲတွင် စောင့်ဖို့ သဘောတူလိုက်သည်။ ချထားသည့် ကားမှန်တံခါးကို ပြန်တင်ပြီးတော့ ခေါင်းမှီကာ မှေးနေလိုက်တော့သည်။ ညလယ်ကြီး ခရီးနှင်လာရခြင်းဖြစ်တာကြောင့် အိပ်ချင်သည်။

နဖူးပြင်ထက်တွင် ခပ်‌နွေးနွေးလေတချို့ကို ခံစားမိ၍

မျက်လုံးဖွင့်ကြည့်လိုက်တော့ မောင့်မျက်နှာက သူနှင့်နီးကပ်လျက်။ မောင်အသက်ရှူထုတ်လိုက်တိုင်းမှာ ခပ်နွေးနွေးလေက

သူ့နဖူးပြင်ထက်သို့ လာရိုက်ခတ်နေသည်။

အိပ်စက်နေရသည်မှာ ကားထဲတွင် မဟုတ်တော့သလို

အိပ်ရာထက်က ခေါင်းအုံးပေါ်တွင်လည်း ဟုတ်မနေခဲ့။

သူမောင့်လက်မောင်းပေါ်တွင် ခေါင်းအုံးပြီး

အိပ်ပျော်နေခဲ့သည်ပဲ.....။

မောင်သူ့ကို ပွေ့ပြီး အခန်းထဲ ခေါ်လာသည် ထင်ပါသည်။

နှလုံးခုန်သံတချို့က စည်းချက်မကျဘဲ ရင်အတွင်းတွင်

ကခုန်ပေါက်နေရုံနှင့် အားမရကာ တစ်စတစ်စ အပြင်သို့ပါ အဆမတန် လွင့်စင် ခုန်ထွက်လာကြသည်။ အခန်းထဲရှိ တိတ်ဆိတ်မှုကို သူ့နှလုံးခုန်သံ တဒုတ်ဒုတ်က ဖြိုခွင်းပစ်နေကြ၍ မောင်ကြားသွားမည်စိုးကာ ဘယ်ဘက်ရင်အုံကို လက်အစုံဖြင့် ဖိကပ်ထားရသည်။ မောင့်လက်မောင်းထက် အိပ်စက်ပြီး မောင့်ရင်ခွင်ထဲ၀ယ် ခိုလှုံနေရသည်ဆိုသည့်အသိက သူ့ကို ရင်ဖိုလှိုက်မောစေ၏။

UM (Completed)Where stories live. Discover now