အပိုင်း(၆၃) ဝေးသထက် ပိုဝေးသွားပြီ

Magsimula sa umpisa
                                    

ဧရာမနတ်ဆင်က ကြိီးမားပြီးတော့ သူ့ကျောပေါဲမှာရှိနေတဲ့ ယန်ချူးဂျူးကို ဂရုစိုက်ဖို့ ခွန်အားရှိမနေခဲ့ပေ။ သူကယန်ချူးဂျူးကို စီးခွင့်ပေးထားလိုက်ကာ ဆက်ပြေးနေခဲ့သည်။

လျင်မြန်စွာပင် ယန်ချူးဂျူးက အကြီးအကဲစုနဲ့ အခြားလူတွေကို သစ်ပင်တွေပေါဲမှာ မြင်လိုက်ရသည်။ အကြမ်းအားဖြင့် တစ်ချက်ကြည့်ပြီးနောက်မှာ တိမ်ပြိုလဲဂိုဏ်းကလာတဲ့ လူ‌တွေထဲက အနည်းငယ်လောက်သာ ကျန်ရှိနေခဲ့သည်။ သူတို့တွေက နတ်ဆိုးသားရဲတွေရဲ့ တက်နင်းတာခံရပြီး သေသွားကြတာ ဖြစ်နိုင်သည်။

အကြိီးအကဲစုနဲ့ တစ်ခြားသူတွေကလည်း ယန်ချူးဂျူးကို မြင်လိုက်ကြကာ သူတို့မတတ်နိုင်ဘဲ ကြောင်အသွားခဲ့ကြသည်။

ဘယ်လိုလုပ်ပြီး ယန်ချူးဂျူးက အဆင့်ကိုး ဧရာမနတ်ဆင်ရဲ့ ကျောပေါဲမှာ စီးနေတာလဲ။ ဒီဟာက မယုံနိုင်စရာ ကောင်းလွန်းတယ်။

ထိုအချိန်မှာတော့ အကြီးအကဲစုက ယန်ချူးဂျူးမှာ အံ့အားသင့်စရာကောင်းတဲ့ ဆရာတစ်ယောက်ရှိတယ်ဆိုတာကို ပိုပြီးသေချာသွားတော့သည်။ ယန်ချူးဂျူးက သူမရဲ့ခွန်အားကို ဖုံးကွယ်ထားတာပဲ ဖြစ်ရမယ်။ မဟုတ်ရင် သူမက ဘယ်လိုလုပ်ပြီး ဒီအဆင့်ကိုးရှိတဲ့ နတ်ဆင်ကို ထိန်းကျောင်းနိုင်မှာလဲ။

အခုအချိန်မှာတော့ ယန်ချူးဂျူးက ဆန်အိုးထဲကျသွားတဲ့ ကြွက်တစ်ကောင်လိုပင်။ သူမပျော်နေပေမယ့်လည်း သူမရဲ့ရှေ့မှာက ကပ်ဆိုးတစ်ခုက စောင့်ကြိုနေခဲ့သည်။

ဒီသားရဲတွေ ရပ်တန့်သွားတာနဲ့ သူမအလောင်း မပြည့်မစုံနဲ့ သေရမှာ လုံး၀သေချာသည်။

တစ်ခဏလောက်‌ ပြေးလွှားပြီးနောက်မှာ ဒီနတ်ဆိုးသားရဲတွေက အပြင်ဘက်ကို မပြေးကြဘဲ ရေပြင်ညီအတိုင်း ပြေးလွှားနေကြတာကို ယန်ချူးဂျူး ၀မ်းနည်းဖွယ် ရှာတွေ့သွားခဲ့ရ‌သည်။

ယန်ချူးဂျူးတစ်ယောက် ငိုချင်နေပေမယ့်လည်း မျက်ရည်ကျမလာခဲ့ပေ။ နတ်ဆိုးသားရဲတောအုပ်က အဆုံးမဲ့ကျယ်၀န်းသည်။ တောအုပ်က အသူရာဆန်းကြယ်တိုက်တစ်ခုလုံးကိုဖြတ်ပြီး ဆန့်တန်းနေကာ သူမဘယ်ကိုခေါဲသွားခံရမယ် ဆိုတာကို မသိနိုင်ပေ။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Tahanan ng mga kuwento. Tumuklas ngayon