ကောက်မိတ်ဆက်ပေးလိုက်သေးသည်။

" မှိုင်း ဒါ ကိုခ အမျိုးသားလေ "

အဲ့လိုပြောတော့ ပြူးတူးတူး အတတလေးကြည့်လာသည်က

မှိုင်းအမည်ရတဲ့ ခရဲ့ဒေါက်တာဆိုသူ။

ကြည့်ရတာ တော်တော် ငယ်ပုံရသည်။

ခရဲ့ဒေါက်တာရော ဖြစ်နိုင်ရဲ့လား။

" ဗျာ ကိုခ အမျိုးသားဟုတ်လား "

ဒီတစ်ခါတော့ ပြူးကြည့်ရုံတင်မဟုတ်တော့ 

အာမေဋိတ်သံလေးပါ ပါလာသည်။

" ဟုတ်ပါတယ်ဗျ ကျွန်တော်မြေ့နင်းခရဲ့အမျိုးသားပါ "

" ကျွန်တော့်အထင် လာရင်းကိစ္စက.... "

" ဟုတ်ပါတယ် "

" ကောင်းပြီ ကျွန်တော့် ဆေးပေးခန်းထဲ သွားကြတာပေါ့ ၊

ကိုနွေ အရင် သွားနှင့်လိုက် ၊

ကျွန်တော် အိမ်ဘဲ တန်းလိုက်လာခဲ့လိုက်တော့မယ် "

အကြည့်‌တွေနဲ့ ပြောနေသည့် သူတို့နှစ်ယောက်ကို ကိုနွေဆိုသူက နားမလည်ဟန်ဖြင့် ကြည့်ပြီး ထွက်သွားလေသည်။

ဆေးပေးခန်းထဲ ရောက်တော့ ဒေါက်တာမှိုင်းဆိုသူက ချက်ချင်း ထိုင်ဖော်မရ။ တစ်ယောက်တည်း ယောက်ယက်ခတ်ကာ ဘာ‌တွေ ရှာ‌ဖွေနေသည်မသိ။

" ကဲ ကိုခ အမျိုးသားဟုတ်တယ်နော်

ကိုခပြန်သွားတာတောင် မကြာသေးဘူးဗျ "

" ဟုတ်ကဲ့ "

" အဲ ကို... အဲ့ဘက်ကို ဘယ်လိုခေါ်ရမလဲဗျ "

" မိုးမိရက်ခပါ ဒေါက်တာ ၊ အဆင်ပြေသလိုခေါ်လို့ရပါတယ် "

" ဟုတ်ကဲ့ ကိုမိုးမိရက်ခကို မနက်က တွေ့လိုက်တယ် ၊

ကျွန်တော့်ကိုတော့ သတိမထားမိလောက်ဘူး ထင်တယ် "

" ဟုတ်လောက်မယ်ဗျ "

" လာရင်းကိစ္စက လူနာနဲ့ ဆိုင်တယ်နော် "

ဟုတ်တယ်ဆိုသည့် သဘောနှင့် ခေါင်းညှိတ်ပြလိုက်တော့

ဆက်ပြောသည်။

"  ဒါ လူနာရဲ့ ဆေးမှတ်တမ်းပါ ၊ အခုမှ လာပုံထောက်ရင်

UM (Completed)Where stories live. Discover now