အခုတော့ voice messagesရောက်လာပြန်သည်။

အတန်ကြာတဲ့အထိ နင်မုန့်က ပြန်မဖြေလာတာကို သတိပြုမိတဲ့အခါ ကောင်လေးက နောက်ထပ် voice messageတစ်စောင် ထပ်ပို့လိုက်သည်။

"မိန်းမ~ ကျွန်တော် တောင်းပန်ပါတယ်။ လွန်ခဲ့တဲ့ ရက်တွေက အရမ်း ‌အတွေးလွန်နေခဲ့တာ။ ဂိမ်းထဲက ဆေးအိတ်ကို မင်းကိုပဲ ပေးခဲ့သင့်တာပါ။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါနော် အိုကေ?"

"???"

နေပါဦး "မူလ နင်မုန့်" က ဆေးအိတ်ကြောင့် သူနဲ့ လမ်းခွဲပြီးသွားခဲ့ပြီပေါ့။ အမှန်တရားကို ရှာတွေ့လိုက်တဲ့အခါ နင်မုန့် နှုတ်ခမ်းထောင့်စွန်းက အနည်းငယ် ကော့တက်သွားသည်။

"....အင်း ဒါပေါ့ ခွင့်လွှတ်ပါတယ်"

"ရေး ကျွန်တော် အရမ်းပျော်တာပဲ"

".....အခု internet cafeမှာလား"

"ဟုတ်တယ်။ WeChatမှာ မင်းက ကျွန်တော့ကို ဘလော့ထားတော့ ကျွန်တော့မှာ နောက်ထပ် ဆက်သွယ်နိုင်မယ့် နံပါတ်တွေလည်း မရှိတော့ဘူးလေ။ ဒါကြောင့်ပဲ onlineမှာ ကျွန်တော့ကို အချိန်မရွေး ရှာလို့ရအောင် တချိန်လုံးသုံးနေတာ။ ညဘက်ရောက်ပြီဆို တက္ကသိုလ်က မီးရော အင်တာနက်ရော ဖျက်ပစ်တာ။ ဒါကြောင့်ပဲ မင်းကိုစောင့်ရင်း internet cafeမှာပဲ အချိန်တွေ ကုန်ခဲ့တာ"

"..."

အော် သနားဖို့ကောင်းလိုက်တာ။

နင်မုန့် သူ့ကို အမိန့်ပေးလိုက်သည်။ "ကောင်းပြီ အခုချက်ချင်း အဆောင်ကို ပြန်လိုက်တော့"

"ဟုတ်ကဲ့ပါ မိန်းမလေး"

သူ့အသံက ပါပီလေးတစ်ကောင် ကဲ့သို့ နူးညံ့ချိုသာလှသည်။ ထို့ကြောင့်ပဲ နင်မုန့် ချက်ချင်းပဲ သူ့ခေါင်းကို ပွတ်ပေးချင်တဲ့ ခံစားချက်တို့ ဖြစ်လာလေ၏။

"....ပြီးတော့ ငါ့ကို မိန်းမလို့ မခေါ်နဲ့"

ပါပီကောင်လေးက အလောတကြီး ပြန်တုံ့ပြန်လာသည် "ဒါပေမယ့်....ဒါပေမယ့် ဘာလို့လဲ။ ကျွန်တော့ကို ဒေါသထွက်နေသေးတာလား"

"မထွက်တော့ပါဘူး။ ဘာလို့ဆို နင်က အရမ်းငယ်တယ်လေ။ ငါ့ကို အမကြီးလို့ ခေါ်သင့်တာ"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now