နင်မုန့်ကတော့ သူမစကား‌နဲ့ ထပ်လှော်လိုက်သည်။ "မစ္စချောင် ကျွန်မ မှတ်မိသလောက်ဆို ရှင်က အန်တီမေလင်းရဲ့ ရုံတင် ဝင်ငွေကရတဲ့ အကျိုးအမြတ်ကို မယူဘူးလို့ ပြောထားခဲ့တာနော် ဟုတ်တယ်မလား။ ဝိုး ရှင်က ယွမ်၁ဘီလီယံကိုတောင် ဂရုမစိုက်ဘူးပဲ! အိုး ရှင်ရယ်...ရှင်က သဘောထား ပြည့်ဝတဲ့ လူပါလား။ ပိုက်ဆံက ရှင့်အတွက်တော့ တန်ဖိုးမရှိတဲ့ အရာပဲပေါ့နော်"

ချောင်ရွှယ်ဟွာရဲ့ ခန္ဓာကိုယ်ကတော့ အံ့ဩမှု ဒေါသနဲ့အတူ တုန်ယင်လို့နေပြီး သူမ ပါးစပ်က ကျယ်လောင်စွာ ဟထားပေမယ့်လည်း ဘာစကားမှ မကြားရပေ။

နင်မုန့်ကတော့ သူမ အနား အနည်းငယ် ထပ်တိုးလိုက်ပြီး ခနဲ့လိုက်သည်။

"ချောင်ရွှယ်ဟွာ နာကျင်နေတဲ့ ရှင့်မျက်နှာက ဘယ်လိုဖြစ်နေတာလဲ။ ဟမ်?"

မနားပဲ သူမ ဆက်ပြောသည်။ "အိုး မဟုတ်ပါဘူး သေချာပေါက် အဆင်ပြေမှာပဲ ရှင့်မျက်နှာက အခုဆို ကောင်းကင်မှာ ပျံနေပြီဆိုတော့။ အမလေး ရှင့်ရဲ့ ပိန်လိန်နေတဲ့ ခန္ဓာကိုယ်ကို ကြည့်ပါဦး! အရင်တုန်းက ဝက်နဲ့တူတဲ့ ပုံစံနဲ့တောင် တခြားစီ ဖြစ်သွားပြီ! ဆန်းကြယ်လိုက်တာ!"

"...!!!"

ဒီမိန်းမရဲ့ လျှာစောင်းက ထက်တယ်ဆိုတာ ချောင်ရွှယ်ဟွာ သိလေသည်။ ထို့ကြောင့်ပဲ သူမက ရပ်နေပြီး ဘာမှပြန်မပြောပေ။ အကယ်၍ သူမ ပြောလိုက်မယ် ဆိုပါကလည်း အခြေအနေက ပိုဆိုးလာပြီး သူမကို ဒီထပ်ဆိုးတဲ့ မှတ်ချက်တွေ ပေးလာမယ်ဆိုတာ သိနေတာမို့ပင်။

ချောင်ရွှယ်ဟွာကို ပြောစရာ ရှိတာ ပြောပြီးသည်နှင် နင်မုန့်က အခန်းထဲမှ ရင်းနှီးမြှုပ်နှံသူတိုင်းကို အေးစက်စွာ ကြည့်လိုက်သည်။ သူတို့ ပုံစံက ကြောက်ရွံ့နေသလို တုန်ယင်နေကြ၏။ သူမ နဲ့ ဖခင်ဖြစ်သူကို နောက်‌ကျောဓားနဲ့ ထိုးမည့် လုပ်ရက်ကို စီစဉ်ခဲ့တဲ့ သူတို့ ပုံရိပ်တွေကို စဉ်းစားလိုက်ရင်း နင်မုန့် ဟန်လုပ်ပြံးလိုက်သည်။ "အန်ကယ်တို့ ပျော်စရာ အချိန်က ပြီးသွားပြီဆိုတော့ စိတ်မကောင်းပါဘူး။ ဘယ်လိုဖြစ်ဖြစ် ကျွန်မတို့တွေ အနေနဲ့ ချစ်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေလို ပြန်ပြီး ဟန်ဆောင်ကြဖို့တော့ နောက်မကျသေးပါဘူး ဟုတ်တယ်မလား"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now