အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)

Start from the beginning
                                    

​ရှောင်ကျန်းက ကြမ်းပြင်​ပေါ်မှာ ငုတ်တုတ်ထိုင်​နေသည်။သူက ​မော့အန်းယွီ ထွက်လာ​တာကို မြင်တဲ့အခါ အထစ်ထစ်အ​ငေါ့​ငေါ့နဲ့ စကားဆိုလိုက်​ပေမယ့် စကားလုံးတစ်လုံးကို​တောင် ​ဖြောင့်​ဖြောင့် မ​ပြောနိုင်ဘဲဖြစ်​နေသည်။   " ​မော့သခင်​လေး , ကျွန် ... ကျွန် ... ကျွန်​တော် ...... "

​မော့အန်းယွီက လက်ကို ​ဝေ့ယမ်းကာ   " ဒီကိစ္စ​တွေအားလုံး ပြီးသွားရင် မင်းကို entertainment ​လောကထဲမှာ နာမည်ကြီးလာ​အောင် ငါ ကူညီ​ပေးမယ် "

အဲဒီကျမှ ​ရှောင်ကျန်းခမျာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်နိုင်သည်။

​ရှောင်ကျန်းရဲ့ပြသာနာကို ​ဖြေရှင်းပြီးသွားပြီဆို​ပေမယ့် ချီယန်မှာ မရှူနိုင်မကယ်နိုင်ဖြစ်​နေရသည်။

​မော့အန်းယွီက ခုံ​ပေါ်မှာ ထိုင်လိုက်ပြီး ကြမ်းပြင်တွင် bodyguard နှစ်​ယောက် မလှုပ်နိုင်​အောင် ချုပ်ထားတာခံ​နေရတဲ့ ချီယန်ကို ကြည့်ကာ ​လှောင်​ပြောင်ခနဲ့လိုက်သည်။   " ငါတို့ရဲ့ အစီအစဉ်ကို အခုလို အရင်ထလုပ်ဖို့ ဘယ်သူက မင်းကို ခွင့်ပြု​ပေးလိုက်တာလဲ ??? ဒါကို ငါကိုယ်တိုင်လုပ်မယ်လို့ မင်းကို မ​ပြောခဲ့ဘူးလား !!!?? "

ချီယန် စိတ်မလုံမလဲဖြစ်​နေသည်။

​မော့အန်းယွီရဲ့ မူလအစီအစဉ်က သူ​ဟာ ​ပေါ်ယွီကို ဘယ်သူမှမသိ​အောင် ဂုဏ်ပြုပါတီက​​နေ တိတ်တိတ်​လေး ​ခေါ်ထုတ်သွားဖို့ဖြစ်ပြီး အဲဒီအလုပ်ကိုလည်း သူကိုယ်တိုင် လုပ်မှာဖြစ်သည်။ဒါ​ပေမယ့် ချီယန်က သူ့အမုန်းတရား​တွေ​ကြောင့် အရင်ဆုံး ​ပေါ်ယွီကို ကြိုးချည်ကာ နှိပ်စက်ကလူပြု​နေသည်။​နောက်မှ ​မော့အန်းယွီဆီ အ​ကြောင်းကြားခဲ့တာဖြစ်သည်။

သူ့​နောက်က ​မော့အန်းယွီဟာ အရမ်းဒေါသထွက်​သွားမှာကို သိနေသော်ငြားလည်း ချီယန်က ယခုအခါ သူ့ရဲ့အမျက်​ဒေါသ​အားလုံးကို ​ပေါ်ယွီ့အ​ပေါ်မှာ ​ပေါက်ကွဲပစ်လိုက်ဖို့ ရည်ရွယ်ထားခဲ့သည်။ဒါက အရှုံးမရှိ​ပေ။

ဒါ​ပေမယ့် ချီယန် အံ့သြမိတာက ​မော့အန်းယွီဟာ သူ့အကြံအစည်ကို သိပြီး ဒီ​နေရာကို အချိန်မီ အ​ပြေးအလွှား​ရောက်လာတာပင်။
{ T / N ; ချီလင်း ဖုန်းဆက်လိုက်တာပါ }

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now