Chapter(1)

8.3K 530 11
                                    

Unicode

အခန်း(၁) - ဒါရိုက်တာစွန်းက ဇီဇာကြောင်တဲ့သူတစ်ယောက်ပဲ

ညနက်အချိန်, ကြယ်လေးများက ကျိုးတို့ကျဲတဲ.....

အနက်ရောင် ဆလွန်းကား တစ်စီးသည် ရွှေရောင်ဖဲကြိုးနှစ်ချောင်းနဲ့ ဆင်တူသည့် အလင်းတန်းများဖြင့် အရှိန်ပြင်းပြင်း နှင်လာတာကြောင့် ပြတင်းပေါက်အပြင်ဘက်ရှိ လမ်းမီးတိုင်များသည်ပင် မှိန်ပြပြသာ ကျန်ရစ်ခဲ့သည်။ အချိန်က မနက်နှစ်နာရီ ထိုးခါနီးနေပြီ ဖြစ်တာကြောင့် လမ်းမှာယဉ်ကြောပိတ်ဆို့မှု မရှိပေမယ့်လည်း ရံဖန်ရံခါမှာ တစ်ခြားယဉ်များက အရှိန်ပြင်းပြင်းနဲ့ ဖြတ်သွားတာမျိုး ရှိနေ၏။

မြို့တော်ရဲ့ အလယ်ဗဟိုတွင် မြင့်မားလှသော အထပ်မြင့် အဆောက်အအုံများ၏ မီးရောင်များကတော့ တောက်ပစွာဖြင့် တည်ရှိနေသည်။ သူတို့က အိပ်ချိန်ဆိုတာ မရှိသကဲ့သို့ တစ်ညလုံး ထိန်ထိန်ငြီးနေကြလေသည်။

ယဉ်မောင်းက လမ်းဆုံတစ်နေရာက မှတ်တိုင်တစ်ခုအရောက်မှာ မီးနီစောင့်နေတုန်း နောက်ကြည့်မှန်သို့ တစ်ချက်ကြည့်လိုက်သည်။ သူ့သူဌေးက အနောက်ဘက်ခုံပေါ်တွင် ခံစားချက်မဲ့စွာဖြင့် ထိုင်နေပြီး မျက်ခုံးများကို တင်းကြပ်စွာ ကျုံ့ထားရင်း ဖုန်းစခရင်အား စူးစိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏။ ဒီပုံစံက စိတ်ကျေနပ်နေစရာအကြောင်း ရှိဖို့ လုံးဝမဖြစ်နိုင်ပဲ အလုပ်နဲ့ပတ်သက်တဲ့ ကိစ္စတွေကြောင့် စိတ်ရှုပ်နေပုံပဲ။

ဒီလူက အရမ်းချမ်းသာတာတောင် လုံ့လဝီရိယ ရှိနေတုန်းပဲ, အရမ်းကို အောင်မြင်ကျော်ကြားတဲ့ public figure တစ်ယောက် ဖြစ်လာတာ အံ့သြစရာ မရှိတော့ဘူး

ယဉ်မောင်းက သူ့ဘာသာသူ တွေးမိသည်။ မီးနီရဲ့ အမှတ်စဉ်က သုညသို့ ရောက်နေပြီကို တွေ့လိုက်သောအခါ ယဉ်မောင်းက သတိပြန်ဝင်လာပြီး လီဗာကို ဖိနင်း၍ လမ်းဆုံတစ်လျှောက် ကားကို မှန်မှန်လေး မောင်းနှင်လိုက်လေသည်။

' အောင်မြင်ကျော်ကြားတဲ့ public figure' လို့ ခေါ်တွင်ခံရသည့် စွန်းကျီနန်က ၎င်း၏ WeChat မျက်နှာပြင်ကို လေ့လာရန်အတွက် လေးနက်သော အာရုံစူးစိုက်မှုကို တစ်ချိန်လုံး အသုံးပြုနေခြင်းသာ။ နောက်ဆုံးတော့သူက  Fight The Landlord mini ပရိုဂရမ်ကို နှိပ်လိုက်ပြီး ဂိမ်းအသစ်တစ်ခုကို စတင်လိုက်တော့သည်။

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now