" ခ ပြန်လာပြီလား ၊ နေပူထဲကို ဒီတိုင်းကြီးသွားတာလား ၊
အပူရှပ်တော့မှာပဲ အဆောင်းလေး ဘာလေး ယူသွားတာ မဟုတ်ဘူး "

" လမ်းထိပ်လေးတင်မို့လို့ ဒီတိုင်း သွားလိုက်တာ ရက်ခ ၊
မေမေ သားအထဲ၀င်တော့မယ်နော် "

" ခ ! "

မောင်လှမ်းခေါ်တော့ သူလှည့်ကြည့်လိုက်သည်။

" ရေချိုးမယ်ဆိုရင် ခဏ နားပြီးမှ ချိုးနော် ၊ မချိုးခင် ရေနှစ်ခွက်သောက်လိုက်ဦး "

" အွန်းပါ "

မေမေ့ရှေ့မှာမို့လို့လားမသိ။
တစ်အိမ်ထဲတူတူနေတာတောင် မေးထူးခေါ်ပြောမလုပ်သည့်သူက သူ့ကို အလွန့်အလွန် ဂရုစိုက်ကြောင်း‌တွေ ပြနေသည်။
မေမေကတော့ သူ့သားကို သိပ်ဂရုစိုက်သည်အထင်နှင့် ပြုံးပြုံးလေးဖြစ်နေသည်။

ခဏတစ်ဖြုတ် နားပြီးတော့ ရေနှစ်ခွက် သောက်ပြီး ရေချိုးဖို့ပြင်လိုက်သည်။

BRRR....BRRR....

ရေချိုးခန်းထဲ ၀င်ခါနီးမှ ဖုန်းသံ ကြား၍ ဖုန်းရှိရာ စာရေးစားပွဲဆီသို့ ပြန်လှည့်လာလိုက်ရသည်။

မြေ့နင်းခ၏ ဖုန်းမှ အသံမြည်နေခြင်း။

" ဟုတ်ကဲ့ အမိန့်ရှိပါ "

" အကို နောက်ဆုံးတော့ ဖုန်းကိုင်ပြီပဲ
ကျွန်တော် နေ့တိုင်းခေါ်နေတာ "

" ဪ ညီ အကို ဖုန်းပျက်နေတာ
ဘာကိစ္စရှိလို့လဲ "

" အဲ အထွေအထူးကိစ္စရယ်တော့ မရှိပါဘူး ၊
ဟိုလေ ပြောရင် အကို လက်ခံပါ့မလားမသိဘူး "

" ဘာကိစ္စမို့လို့လဲ ညီ ပြောကြည့်လေ "

" ဟို နောက်သုံးရက်နေရင် ကျွန်တော့်၁၉နှစ်ပြည့်မှာအကိုရယ်၊ အဲ့တာ အစ်ကို့ကို တစ်ခုခု လိုက်၀ယ်‌ကျွေးချင်လို့ ၊ အဲ့တာ ရမလားမသိဘူး "

တွေ့ဖူးတာဖြင့် နှစ်ခါဘဲရှိသေးသည်။
သူ့ကို အပြင်ထွက်ဖို့ ခေါ်သည်ဆိုတာ မဖြစ်သင့်။
ငြင်းလိုက်တာ ကောင်းမည်။

" တစ်မျိုးတော့မထင်လိုက်ပါနဲ့နော် ၊
ဟိုလေ ကျွန်တော်က မိဘ‌‌တွေလည်း မရှိတော့ဘူး ၊
ညီတစ်ခု အစ်ကိုတစ်ခုဆိုတော့လေ
ကျွန်တော့်ကိုကြီးကလည်း အလုပ်မအားတော့
ကျွန်တော်နဲ့ တူတူ မရှိပေးနိုင်ဘူး ၊
ပြီးတော့လေ ကျွန်တော့်မှာလည်း အသိမိတ်ဆွေက မရှိတဲ့အပြင် တစ်ခါမှလည်း မွေးနေ့မလုပ်ဖူးဘူး၊
ဒါပေမယ့် ခုတော့ အကိုရှိသွားပြီဆိုတော့ ဒီနှစ် မွေးနေ့လေးလုပ်ချင်လာလို့ အဲ့တာ အကိုရမလားဟင် "

UM (Completed)Where stories live. Discover now