-

နောက်တနေ့ မနက်ပိုင်းတွင် ဖြစ်သည်။

နင်မုန့် အောက်သို့ ဆင်းလာတဲ့အခါ မူမမှန်တဲ့ တခုခုကို တွေ့လိုက်ရသည်။ ဟော်ပေ့ချန်က ထမင်းစားခန်းထဲတွင် ထိုင်နေလေပြီး စားပွဲပေါ်မှာလဲ မနက်စာများနဲ့ပြည့်နေလေသည်။ ထိုမနက်စာတွေက ဟော်စံအိမ်တော်မှ ပို့လိုက်တာ ဖြစ်နိုင်လေသည်။

ဟော်ပေ့ချန်က သတင်းစာ ဖတ်နေတာ ဖြစ်ပြီး လှေကားဆီမှ ခြေသံကြားတဲ့အခါ ခေါင်းမော့ကာ အေးစက်စွာ ကြည့်လိုက်သည်။

နင်မုန့်ကတော့ အရိပ်အကဲကြည့်လျက်သာ နှုတ်ဆက်လိုက်သည်။ "မင်္ဂလာမနက်ခင်းပါ ဘုရင်ကြီး ချန်။ မနက်ခင်းမှာ ရှင့်ရဲ့ ကျက်သရေရှိလွန်းတဲ့ မျက်နှာလေးကို ပထမဆုံး မြင်ရတာ တကယ်ကို အကောင်းဆုံးသော အရာပဲမို့ ကျွန်မကို အရမ်းပျော်ရွှင်စေတယ်" 

သတင်းစာကို ချလိုက်ရင်းသာ ဟော်ပေ့ချန် အမိန့်ပေးလိုက်သည် "....လာစား"

"ဟုတ်ကဲ့ပါရှင့်! လာပါပြီ!"

ထမင်းစားခန်းထဲ မထိုင်ခင် ကော်ဖီလေး တစ်ခွက်လောက် ရနိုင်ဖို့ရာ နင်မုန့် မျှော်လင့်မိနေသည်။

ဟော်ပေ့ချန်က သူမကို တချက်လောက် ကြည့်ရင်း ခွက်တစ်ခွက်ကမ်းပေးလိုက်သည်။ black coffeeဖြစ်၏။

သူ့မျက်နှာကလည်း မျက်မှောင်ကြုပ်လို့နေသည်။

နေပါဦး သူမက ဘာမှတောင် မစားရသေးတာကို black coffee တန်းသောက်ရတော့မှာလား။ ဗိုက်အောက်မှာပေါ့။

သို့‌တိုင်အောင် သူကတော့ ဂရုမစိုက်သည့်နှယ် ဟန်ဆောင်လို့နေသည်။ "နို့ ဒါမှမဟုတ် သကြား မထည့်တော့ဘူးလား"

"ဟင့်အင်း မလိုပါဘူး"

နင်မုန့် သူ့အား ချိုမြိန်စွာ ပြုံးပြရင်း "ရှင်က ကျွန်မရဲ့ သကြားပဲ မလို့လေ"

"..."

စပ်ဖျဉ်းနေဆဲ မျက်လုံးတွေကို ပွတ်ပြီးနောက်မှာတော့ နင်မုန့်က နားတောင်မနားဘဲ တကျိုက်တည်း မော့ချလိုက်သည်။ ထိုအရာကို မြင်တဲ့အခါ မနေ့ညက အခြေအနေကို ဟော်ပေ့ချန် တွေးမိသွားသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now