" ကျွန်တော်ရောပဲ "

" ကိုယ့်အမျိုးသားလေ ညီ ၊
ကိုယ် လက်ထပ်ထားတာ ၁နှစ်ပြည့်တော့မယ် ၊
ညီလည်း လက်ထပ်ထားတယ်လို့ ကိုယ်ကြားတယ် "

ဇေယျတုက ဘယ်ဘက် လက်သူကြွယ်ကို မြင်သာအောင် မြှောက်ပြလာသည်။

" ဟုတ်တယ် ကျွန်တော်လက်ထပ်ပြီးသွားပြီ ကိုဇေ "

ကိုဇေဟုသာ ခေါ်ဖြစ်လိုက်တော့သည်။

အစောကြီးတည်းက သူမေ့ဖျောက်ခဲ့ပြီးသား လူတစ်ယောက်မှာ ဆိုင်သူ ရှိနေပြီဆိုသည့် အသိက သူ့အပေါ်ကို
ကြီးကြီးမားမား သက်ရောက်မှု မရှိသွားခဲ့ပေ။
သို့ပေမယ့် သူသိချင်နေသည့် အကြောင်းအရာတချို့ကတော့ ရှိနေဆဲပင်။

" ကိုယ့်မှာ မင်းကို ပြောပြချင်တဲ့ အကြောင်းအရာတွေ ရှိတယ် ညီ ၊ တစ်နည်းအားဖြင့် မင်း သိချင်တာတွေပေါ့ "

သူ သိချင်တာတွေလို့ ဆိုသည့်အတွက် ငြိမ်ငြိမ်သက်သက် နားထောင်နေလိုက်သည်။

" ပြောလေ ကျွန်တော်နားထောင်နေတယ် "

သိသင့်တာ‌တွေရော သိဖို့မလိုတာ‌တွေရော ပြောပြသည်ကို
နားထောင်ပြီးနောက်မှာ မိုးမိရက်ခသိလိုက်ရသည်က သူကိုယ်တိုင်က ဒီပြဿနာ၏ အဓိကအရင်းအမြစ်ဖြစ်နေသည်ကိုပင်။ မြေ့နင်းခ မဟုတ်ခဲ့။ သူတို့နှစ်ဦးကြားမှာ ဖြစ်တည်လာစေတဲ့ အစိုင်အခဲတွေရဲ့ ဖန်တီးသူက ရက်ခ၏မိခင်ပင်ဖြစ်သည်။

သူနဲ့ခကြားက အစိုင်အခဲတွေတဲ့လား။
မဟုတ်ဘူး သူ့ဘက်ကဘဲ ခအပေါ် တစ်ဖက်သတ် မုန်းတီးရေး စွဲချက်တွေ တင်ခဲ့တာ။

" ဒီကိစ္စ ခသိလား ကိုဇေ "

ဟန်ဆောင်ကောင်းပါသည်။
ခ မင်းက မင်းရဲ့ မပွင့်လင်းမှုတွေကြောင့် မာမီ့နေရာမှာ ငါ့အမုန်းတွေကို အစား၀င်ခံလိုက်ရတာ။

" သိတယ်လေ ညီ ကိုယ် ဩဇီကို မသွားခင်တုန်းက သူနဲ့တွေ့ခဲ့တယ် ၊ မင်းနဲ့သူ အဆက်အသွယ် မရှိတော့ဘူးလား "

' မလိုက်ခဲ့နဲ့၊ သား တစ်ယောက်တည်း အဆင်ပြေတယ် 'လို့အကြိမ်ကြိမ် ပြောသည့်ကြားက သူနှင့်အတူ ဩဇီကို လိုက်ပါလာရသည့် အကြောင်းပြချက်က ဒါကြောင့်ကိုး။
ကိုဇေနှင့်သူ တစ်နည်းမဟုတ်တစ်နည်း ဆုံတွေ့ကြမည်ကို စိုးရိမ်ခြင်းကြောင့်ပင်။

UM (Completed)Where stories live. Discover now