အခန်း-၅၅(မ​တော်တဆမှု)

Start from the beginning
                                    

ဒါ​ပေမယ့် ............

သိပ်မ​ဝေးတဲ့​နေရာမှာ သူ့ကို ပြုံးပြ​နေတဲ့ ​မော့အန်းယွီကို ​ပေါ်ယွီ မြင်တဲ့အခါ နည်းနည်းစိတ်မ​ကောင်းဖြစ်သလို ခံစားရသည်။

​မော့မိသားစုမှာ ဒီလိုပြသာနာ​တွေ ဖြစ်ပျက်​နေတာ​ကြောင့် အခုချိန်မှာ မော့အန်းယွီက ကုမ္ပဏီအ​ရေးကိစ္စ​တွေကို ​ဖြေရှင်း​နေရသင့်တာဖြစ်သည်။ အဲဒါကို ဘာကိစ္စ သူက ဘာမှမဖြစ်သလို ရိုက်ကွင်းလာ​နေ​သေးတာလဲ ???

မီဒီယာ​တွေ ​ဖော်ပြ​နေသလို ပြသာနာက သိပ်ပြီး​တော့ မပြင်းထန်လို့များလား။အဲဒါ​ကြောင့်လည်း ​မော့အန်းယွီမှာ ရိုက်ကွင်းလာသရုပ်​ဆောင်ဖို့ အချိန်​တွေရှိ​နေတာ​နေမှာ။

မ​နေ့ညက သူတို့​တွေ စကားများရန်ဖြစ်ခဲ့တာ​ကြောင့် ​ပေါ်ယွီက ​မော့အန်းယွီကို တစ်ချက်​ဝေ့ကြည့်ရုံမျှသာ ကြည့်ပြီး သူ့အကြည့်​တွေကို ချက်ချင်းပဲ ပြန်ရုတ်သိမ်းကာ သူ့ကို ထပ်မံအာရုံမထား​တော့​ပေ။

​မော့အန်းယွီဟာ သူ့ဆီက​နေ ​ရွေ့​ပြောင်းသွားတဲ့ ရင်းနှီးကျွမ်း၀င်​နေတဲ့ အကြည့်​တွေကို ခံစားလိုက်မိပြီး ဘာအရိပ်အ​ယောင်မှမပြဘဲ ​ပေါ်ယွီရှိရာကို တိတ်တဆိတ် ကြည့်လိုက်တဲ့အချိန်မှာ ​ဝေးကွာ​နေပြီဖြစ်တဲ့ ​ပေါ်ယွီရဲ့ ပုံရိပ်​လေးကိုသာ ​​တွေ့လိုက်ရတာ​ကြောင့် သူ မျက်​မှောင်ကြုတ်လိုက်​လေသည်။

____________

ကျူးယာက ကျွင်းရွှီအာကို မိစ္ဆာနယ်​မြေထဲက​နေ ကယ်တင်ချင်​ပေမယ့် သူ​​ဟာ သတိလက်လွတ်ဖြစ်ပြီး ​မော့ရန် ရှာ​တွေ့သွားခဲ့သည်။သူတို့နှစ်​ယောက်လုံးဟာ ဓါးကိုယ်စီ ကိုင်​ဆောင်ရင်း အတားအဆီးနယ်နိမိတ်မျဉ်းထဲမှာ တိုက်ခိုက်​နေကြသည်။

ကျွင်းရွှီအာက အတားအဆီးမျဉ်းရဲ့အပြင်ဘက်မှာ ရပ်​ကာ စိုးရိမ်စွာ ကြည့်​နေသည်။

ကျူးယာက ​မော့ရန်ကို အနိုင်ယူလိုက်ပြီး တိုက်ပွဲမှာ ရှုံးနိမ့်သွားခဲ့တဲ့ ​မော့ရန်ဟာ ကျူးယာ ကျွင်းရွှီအာကို ​ခေါ်သွားဖို့ပြင်​နေတာကို အကူအညီမဲ့စွာ ကြည့်​နေရသည်။​မော့ရန်ဟာ လဲ​လျောင်းရင်း သူ့ရဲ့အရှုံးကို လက်မခံနိုင်​ပေ။ဒါ​ကြောင့် သူက ခံပြင်း​ဒေါသထွက်ကာ ​နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်​တော့မည့်အချိန်တွင် အနက်​ရောင် မိုးသားမိုးတိမ်​တွေက ​ကောင်းကင်ယံမှာ ချင်းနင်း၀င်​ရောက်လာပြီး ပထမဆုံးစမ်းသပ်ချက်ဖြစ်တဲ့ လျှပ်စီးမိုးကြိုးဟာ တိမ်တိုက်​တွေကြားက​​နေ ထွက်​ပေါ်လာကာ မိုးသက်​လေပြင်း​တွေနဲ့အတူ ကျူးယာဆီ ထိမှန်သွား​တော့သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now