YDMS 2

933 100 0
                                    

Unicode

ရှောင်းကျန့် သူ့ရှေ့တွင် ရပ်နေသည့်လူကို အတန်ကြာ မော့ကြည့်နေမိသည်။ မိုင်ရန်ရဲ့ ခန္ဓာကိုယ်အရပ်က သူ့မူလခန္ဓာကိုယ်ထက်စာရင် တော်တော်လေးပုသည်။ သူ့ဘဝမှာ ဝမ်ရိပေါ်ကို မော့ကြည့်ရမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိတာ။

သူ့ကို မျက်မှောင်ကြုံ့ကာ ကြည့်နေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့် လုံးဝခွင့်မလွှတ်နိုင်ပါ။ သစ္စာဖောက်ကောင်...။

"Host ဘာလို့ သူ့ကိုအရမ်းမုန်းနေရတာလဲ"

ရှောင်းကျန့် system အ‌ေမးကို လျစ်လျှူရှုကာ အခန်းထဲကို လှမ်းကြည့်လိုက်သည်။ ကုတင်ပေါ်မှာလှဲနေတဲ့ ကိုယ့်ကိုယ်ကို ပြန်မြင်လိုက်ရတော့ ရင်ထဲဘယ်လိုကြီးဖြစ်သွားမှန်းမသိ။ သူ့မြင်ကွင်းကို ပိတ်ကာလိုက်တဲ့လူက ဝမ်ရိပေါ်...။

"မင်းဘယ်သူလဲ"

ဝမ်ရိပေါ်က မေး၏။ ရှောင်းကျန့်က သူ့ကိုယ်သူ မိုင်ရန်ဆိုတာပင် ခဏတဖြုတ်မေ့သလို ဖြစ်သွား၏။

"ကျွန်တော်က မိုင်ရန်, ရှောင်းကျန့် သူငယ်ချင်း"

ဝမ်ရိပေါ် အံ့ဩသွား၏။ မိုင်ရန်ဆိုတာ ကျောင်းတုန်းက သူအနိုင်ကျင့်နေကြ ကောင်လေးမလား။ သူမှတ်တောင်မမှတ်မိဘူး။ ရှောင်းကျန့်နဲ့ ဘယ်တုန်းက ဘယ်လိုရင်းနှီးသွားတာလဲ။ မိုင်ရန်ကလည်း သူ့ကိုမှတ်မိသည့်ပုံမပေါ်...။

"ခင်ဗျားကရော"

ရှောင်းကျန့် မသိချင်ယောင်ဆောင်ကာ မေးလိုက်၏။ မိုင်ရန်ကို အနိုင်ကျင့်တဲ့သူတွေအထဲ ဝမ်ရိပေါ်ပါပေမဲ့ အမြဲ မက်စ်တပ်ထားတာကြောင့် မိုင်ရန်က ရိပေါ်ရဲ့မျက်နှာကို သေချာ မမြင်ဖူးဘူး။ နာမည်ပဲသိတာ။

"ဝမ်ရိပေါ်, ရှောင်းကျန့်ရဲ့......."

"......"

"သူ့ရည်းစား!"

ဘာကြီး?!! အခု ဝမ်ရိပေါ်က ငါ့ကိုသူ့ရည်းစားလို့ ပြောလိုက်တာလား။ ဒီကောင်ရူးနေတာပဲဖြစ်ရမယ်။ အရင်အတိုင်း ရွံဖို့ကောင်းတုန်းပဲ။

အံ့ဩသွားတဲ့ မိုင်ရန်ကိုကြည့်ရင်း ရိပေါ် နှုတ်ခမ်းတစ်ဖက်ရွဲ့ပြုံးလိုက်သည်။ သူထင်တာ မိုင်ရန်က သူ့ကိုဝမ်ရိပေါ်မှန်းသိပြီး ကြောက်သွားတယ်ပေါ့။ အရင်ကလည်း မိုင်ရန်က ဝမ်ရိပေါ်ဆိုတာနဲ့ တုန်နေအောင် ကြောက်တဲ့သူလေ။

Your Death's My Survival { System }Tahanan ng mga kuwento. Tumuklas ngayon