YDMS 1

2.8K 134 9
                                    

Unicode

ရှောင်းကျန့် နာနေသည့် ခေါင်းကို ကိုင်လိုက်ရင်း ထရပ်လိုက်သည်။ ပတ်ဝန်းကျင်ကို ကြည့်မိတော့ သူရောက်နေသည့် နေရာက စကြာဝဋ္ဌာလိုလို ဘာလိုလိုနှင့် လူတစ်ဦးတစ်ယောက်မှ မရှိသည့်အပြင် သူရပ်နေသည့်နေရာကလည်း မြေကြီးမဟုတ်။ မှန်လိုလို ဖန်သားပြင်ကြီးတစ်ခုပေါ်တွင် ဖြစ်သည်။

သူဘယ်နေရာရောက်နေတာလဲ။ သူသေသွားခဲ့တာမလား။

"မင်္ဂလာပါ host!!"

"မားး!!!"

လူလည်းမမြင်ရဘဲ အသံပဲကြားလိုက်ရတာမို့ ရှောင်းကျန့် မားကိုတလိုက်မိသည်။ တကယ်ပါပဲ အသည်းနုတဲ့ ငါလေးကို ဘယ်ကောင်လာခြောက်နေတာလဲကွ။

"ဘယ်သူလဲကွ!!"

"ကျွန်‌ေတာ်က System 95 ပါ host, နယ်မြေ ⅜ ကကြိုဆိုပါတယ်"

"ဘာ!!! System?"

"ဟုတ်ပါတယ် host, သေသွားတဲ့လူတွေကို နောက်တစ်ကြိမ် အသက်ပြန်ရှင်အောင် ကြိုးစားခွင့်ပေးတဲ့ system တစ်မျိုးပါ"

"....."

"System ဆိုတာ မသိရင် ကျွန်တော် ရှင်းပြ..."

"မလိုဘူး!"

System လေး ပြောမယ့်စကားတွေ အကုန်ပြန်မျိုချလိုက်ရ၏။ ဒီ host က တခြား host တွေလို မလွယ်ဘူးပဲ။

"ကောင်းပါပြီ host"

ရှောင်းကျန့် သိတာပေါ့ system ဆိုတာကို။ သူခဏခဏဖတ်ဖူးနေတဲ့ manga တွေထဲမှာ ပါသားပဲ။ ဒါပေမဲ့ ဒါကြီးက အပြင်မှာတကယ်ရှိတာလား။ ပြီးတော့ သူကိုယ်တိုင်ကြုံတွေ့နေရပြီ။ နည်းနည်းတော့ စိတ်ဓာတ်ကျချင်စရာကြီး။

"မင်း...နာမည်..ဘာ?"

"95 ပါ host"

"အေး 95, ဘာလို့ ငါ့ကို‌ေရွးလိုက်တာလဲ"

"Host က မတရားသေခဲ့ရတဲ့သူမို့လို့ပါ"

"ဘာ!! မတရားသေခဲ့ရတယ်?"

"ဟုတ်တယ်လေ host မမှတ်မိဘူးလား"

"ဟင့်အင်း"

"မှတ်ဥာဏ်‌ေတွမရှိ‌ေတာ့တာက ဖြစ်တတ်ပါတယ် ဒါပေမဲ့ ရှားတယ် အာ့ဆို host ရဲ့မှတ်ဥာဏ်တွေကို ကျွန်တော် လွှဲပြောင်းပေးမယ်"

Your Death's My Survival { System }Where stories live. Discover now