YDMS 16

363 44 0
                                    

Unicode

ညဘက်တိုက်တဲ့ လေအေးတွေကြောင့် ထျန်မိုင်ရန်က လက်နှစ်ဖက်ကိုပိုက်ပြီး လှေကားကနေ ဆင်းလာသည်။ ဘယ်လောက်ပဲ ဘဝကြီးက စုတ်ပြတ်နေပါစေ.. သူဌေးမျိုးဆက်က ဆင်းလာတဲ့သူမို့ suit ဝတ်ထားတဲ့ ထျန်မိုင်ရန်ရဲ့ပုံစံက သားနားနေ‌ေလသည်။

ရိပေါ် နားကို ခန္ဓာကိုယ်လေးကျုံ့ပြီး ရောက်လာကာ...

"မင်း ဒီမှာ ဘာလုပ်နေတာလဲ.. မအေးဘူးလား"

"မင်းကို စောင့်နေတာ.. ဘာသိခဲ့ရလဲ.."

"အဲ့ကိစ္စက မင်းတို့အိမ်နဲ့ ဘာမှမဆိုင်ဘူးလို့ ပြောတယ်.."

"မင်းဘဝအမှန်ကို ပြောခဲ့လား"

"မပြောခဲ့ဘူး.. မျိုးရိုးကိုတော့ မေးသေးတယ် ငါက မိဘမဲ့ဂေဟာက ထွက်လာတော့ နာမည်ပြောင်းလိုက်တာဆိုပြီး လှည့်ပတ်ပြောထားတယ်"

ပြောနေရင်း အေးသထက် အေးလာတာကြောင့် ရှောင်းကျန့် အိမ်ထဲ ပြန်ဝင်ချင်လာသည်။

"အိမ်ထဲ ပြန်ဝင်ရအောင်.."

"ပါးက ငါ့ကို ဝင်ခိုင်းတော့မှာ မဟုတ်ဘူး.. ပြန်ကြမယ်"

"အမ်.. အင်း.."

ရှောင်းကျန့် အိမ်ထဲက လျှို့ဝှက်ခန်းကို ကြည့်ချင်သေးပေမဲ့ ရိပေါ်က ပြန်တော့မယ်ဆိုတာကြောင့် ဘာမှမတတ်နိုင်ခဲ့ပေ။ သူတို့ ဝမ်အိမ်တော်က ပြန်လာကြပြီး ဝမ်ရိပေါ်က မိုင်ရန်ကို အိမ်ပြန်မပို့ဘဲ သက်သက်တစ်နေရာကို ခေါ်သွားသည်။ တခြားတော့မဟုတ်.. သူ့ရဲ့နေအိမ်ကို..။

"ဝမ်ရိပေါ်.. ငါ့ ပစ္စည်းတွေ ယူရဦးမယ်.."

"မပူပါနဲ့ သခင်လေးရဲ့ အထုပ်အပိုးတွေအကုန်.. boss အိမ်ကို ပို့ပြီးပါပြီ"

"ဗျာ.. ကျွန်တော့်အိမ်ထဲ ဘယ်လိုဝင်လိုက်တာလဲ"

"တံခါးဖျက်ပြီး ဝင်ခဲ့တာပါ.. စိတ်မပူပါနဲ့ တံခါးကို သေချာ ပြန်တပ်ပေးခဲ့ပါတယ်"

ကျိုးလိရဲ့ အပြောမှာ ရှောင်းကျန့် ပါးစပ်လေးအဟောင်းသား..။

"ကြောက်ဖို့ကောင်းလိုက်တာ"

တိုးတိုးလေး ပြောလိုက်ပေမဲ့ ရိပေါ် သေချာကြားလိုက်ပါသည်။ မတတ်နိုင်ဘူးလေ။ တိုက်ခန်းကျဥ်းလေးထဲမှာ တစ်ယောက်ထဲ နေနေတာထက် သူ့အနားမှာနေတာက ပိုလုံခြုံတယ်။ မိုင်ရန် နောက်ကို လူလိုက်နေတယ်လို့ ကျိုးလိက ပြောတာကြောင့်လည်း ပါတာပေါ့။ အဲ့လူက ဘယ်သူ့လူလည်းဆိုတာ ရိပေါ် သိသည်။

Your Death's My Survival { System }Where stories live. Discover now