YDMS 13

398 55 0
                                    

Unicode

တော်တော်ကြာအောင် စာရှင်းပြပြီးနောက် ရိပေါ်က ရေတစ်ခွက်မော့သောက်သည်။ ဒီတစ်ညလုံး ဆေးရုံမှာပဲ ညအိပ်တော့မယ့်ပုံပေါ်တဲ့ ထျန်မိုင်ရန်က ည ၉ နာရီထိုးတာတောင် မပြန်သေးပေ။ ဆိုဖာတွေနဲ့ စားပွဲခုံအောက်တွေမှာ ကော်ဇောခင်းထားတာကြောင့် ကြမ်းပြင်က အအေးဓာတ်ကို မခံစားရပေမဲ့ နဂိုကမှ ကျောင်းနဲ့အလုပ် ယှဥ်လုပ်နေရတာကြောင့် ပင်ပန်းနေတဲ့ ဝမ်ရိပေါ်က ပြီးခဲ့တဲ့ သုံးရက်လုံးလုံး ရှောင်းကျန့်ရဲ့ကုတင်ဘေးမှာပဲ ‌ေခါင်းမှီလျက်သား အိပ်ပျော်သွားလေ့ရှိတာကြောင့် ဇက်နာနေလေသည်။

ထျန်မိုင်ရန် ကို စာသင်‌ေပးရတာလည်း မဖြစ်နိုင်တဲ့ကိစ္စဖြစ်တဲ့ မွေးကင်းစကလေးကို စကားပြောတတ်အောင် သင်ပေးနေရသလိုပဲ။ တစ်ခုထပ်သင်ရင် သင်ပြီးသားတစ်ခုကို တန်းမေ့သွားတယ်။ မေ့သွားတဲ့ဟာ ပြန်သင်လိုက်ရင် ထပ်သင်ရတဲ့အသစ်ကို မေ့တယ်။ သူ့လို မှတ်ဥာဏ်မကောင်းတဲ့လူက ဘယ်လိုလုပ် အတန်းထဲမှာ အမြဲ ပထမရပြီး သူများအိမ်စာတွေ လုပ်ပေးရတဲ့ဘဝ ရောက်နေရတာလဲ။

ဒီကြားထဲ ငိုက်ခနဲ ဖြစ်ဖြစ်သွားတဲ့ ထျန်မိုင်ရန်ကို အာရုံသေချာစိုက်ဖို့ ပြောရသေးသည်။ စာလုပ်ရင် အိပ်ငိုက်တတ်တဲ့အကျင့်က ရှောင်းကျန့်နဲ့တောင် တူသေးသည်။ ငယ်ငယ်က ရှောင်းကျန့်ဆိုလည်း ရိပေါ် စာလုပ်နေရင်း အမှတ်တမဲ့ ဘေးကို ကြည့်လိုက်ရင် အိပ်ပျော်နေရော..။ နောက်ဆုံး ရိပေါ်ကပဲ ရှောင်းကျန့် ကျောင်းကြရင် အဆူခံရမှာစိုးလို့ သူ့အိမ်စာတွေ အကုန်လုပ်ပေးခဲ့ရတယ်။

"ထျန်မိုင်ရန်!"

"ဟင်! အင်း....အင်းးး"

အခုလည်း ငိုက်နေပြန်တဲ့ကောင်လေးကို မျက်နှာသွားသစ်ဖို့ ရိပေါ် ပြောလိုက်ရသည်။ သူ သန့်စင်ခန်းထဲ ဝင်သွားတော့မှ ရိပေါ် ဇက်ကို အသာချိုးလိုက်သည်။ ပုံမှန်ဆို ဒီအချိန်တွေက ရှောင်းကျန့်ကို စာအုပ်ဖတ်ပြရမယ့်အချိန်..။ ဒါပေမဲ့ လူနှစ်ယောက်ရဲ့စကားသံကလည်း ရှောင်းကျန့်ကို ပျင်းစေမယ် မထင်ပါဘူး။ အထူးသဖြင့် ရိပေါ်ရဲ့ ရှောင်းကျန့် မဟုတ်တဲ့ တခြားလူတစ်ယောက်ကို ပထမဆုံးအကြိမ် စိတ်ရှည်ရှည်နဲ့ စာရှင်းပြဖူးတာကို သူကြား‌ေနရမှာလေ။

Your Death's My Survival { System }Unde poveștirile trăiesc. Descoperă acum