YDMS 31

360 49 4
                                    

Unicode

ကျောင်းပွဲက အဖြစ်အပျက်က တော်တော် နာမည်ကြီးသွားပြီး လူတော်တော်များများ မေ့နေခဲ့တဲ့ ထျန်အိမ်တော်ကိစ္စက ခေတ်ပြန်စားလာသည်။

ထင်ချက်မြင်ချက် အမျိုးမျိုး‌ေတွက အင်တာနက်ပေါ်မှာ ပလူပျံနေကာ တစ်ချို့ကလည်း ထျန်မိုင်ရန်ကို ဝမ်အိမ်တော်က ကာကွယ်စောင့်ရှောက်ထားခဲ့တာလို့ ပြောနေကြလေသည်။ သို့ပေမဲ့ ဘယ်လိုထင်မြင်ချက်မျိုးဖြစ်ဖြစ် ဂရုမစိုက်တဲ့ ဝမ်ရိပေါ်က ထျန်မိုင်ရန်ဘက်က နစ်နာစရာသတင်းမျိုးတော့ မရှိရအောင် လုပ်ခိုင်းထားသည်။

ဝမ်အိမ်တော်ကို အရင်ကလို စွပ်စွဲချက်တွေ ပြန်ပြီး ပြင်းထန်လာပေမဲ့လည်း ဘာမှ တားဆီးတာမျိုး မလုပ်ချေ။ ထျန်အိမ်တော်အတွက်သာ အာရုံစိုက်ထားသည်။ DNA စစ်ဆေးချက်ကိုလည်း လူတိုင်းကြည့်ရှုစစ်ဆေးလို့ရအောင် အင်တာနက်စာမျက်နှာတွေမှာ တင်ထားလေသည်။ ထျန်မိုင်ရန်က ထျန်အိမ်တော်ရဲ့ မျိုးဆက်စစ်စစ်ပါဆိုတာကို လူတိုင်းယုံအောင် အဓိက ဆောင်ရွက်ခိုင်းလေသည်။

ဒီကြားထဲ ကျွန်တော်ကမှ ထျန်အိမ်မျိုးဆက်ပါဆိုပြီး အရူးထတဲ့လူလိမ်တွေက ရှိသေးတယ်။

အခုတော့ ရှောင်းကျန့်(ထျန်မိုင်ရန်)က ဝမ်အိမ်တော်ကို သွားတဲ့ ကားပေါ်မှာ လိုက်စီးနေတယ်။ ကျောင်းပွဲမှာ သူတို့လုပ်လိုက်တဲ့ကိစ္စအကြောင်းပြောဖို့ အိမ်တော်ခေါင်းဆောင်သုံးယောက်က သူနဲ့ရိပေါ်ကို ခေါ်ကြသည်လေ။

ရိပေါ်က အဲ့ကိုမရောက်ခင် အိမ်တော်မှာ ရှိနေနိုင်မယ့်လူတွေကို ပြောပြတယ်။ ရီလူကြီးမင်း, ရီကိုး, ဝမ်ပါး, အတွင်းရေးမှူးဖန် နဲ့ တခြား အကြီးအကဲတွေပေါ့။ ဒါပေမဲ့ ရိပေါ်ဘက်က သူတို့အတွက် ဧည့်သည်တစ်ယောက် ပါလာတာကိုတော့ ထိုလူတွေ မသိကြပေ။

အိမ်တော်ကိုရောက်တော့ ရိပေါ်ပြောတဲ့လူတွေအကုန် ရှိနေကြလေသည်။ အတွင်းသိအစင်းသိလူတွေနဲ့ လက်ထောက်တွေလည်း အကုန်ရောက်နေတာမို့ ဒီအချိန်က တရားခံကိုရှာဖို့ အကောင်းဆုံးအချိန် ဖြစ်နေလေတော့သည်။

ကျိုးလိက ကားကိုပါကင်ထိုးကာ နောက်ကလိုက်ဝင်လာပြီး မိုင်ရန်ဘေးမှာ လာရပ်လေသည်။ ရှောင်းကျန့်က မျက်လုံးအနည်းငယ်ဝိုင်းသွားပြီး ရိပေါ်ကိုလှမ်းကြည့်သည်။

Your Death's My Survival { System }Where stories live. Discover now