YDMS 33

333 34 3
                                    

Unicode

About 20 years ago.....

ခမ်းနားလှပတဲ့ ထျန်အိမ်တော်ကြီးဟာ အထဲမှာတော့ သွေးချောင်းစီးနေခဲ့တယ်။ မနာလိုလူတစ်စုကပဲ လုပ်ကြံလေသလား.. မသိပေမဲ့ မွေးကင်းစသားငယ်‌ေလးကို ရင်မှာပိုက်ပြီး အခန်းလွတ်တစ်ခုထဲကို အမြန်ပြေးဝင်တဲ့ အမျိုးသမီးဟာ ထျန်ရွယ်ချင်.... ထျန်အိမ်တော်ရဲ့ သခင်မ..။

လက်မှာ ခင်ပွန်းဖြစ်သူရဲ့ သွေးတွေပေနေခဲ့ပြီး တစ်ကိုယ်လုံးတုန်နေပေမဲ့ စကားတောင် သေချာမပြောတတ်သေးတဲ့ သားဖြစ်သူကို ကာကွယ်ရမယ်ဆိုနဲ့ စိတ်နဲ့တင် ထိုအမျိုးသမီးဟာ ကိုယ့်စိတ်ကို သွေးမပျက်အောင် ထိန်းထားနိုင်ခဲ့တယ်..။

နံရံကိုမှီပြီး မြေကြီးပေါ်ထိုင်ချလိုက်ကာ ရင်ခွင်ထဲက သူမ,သားကို ကြည့်မိတော့... အိပ်ပျော်နေရှာတဲ့ ကလေးငယ်ရဲ့ မျက်နှာဟာ အပြစ်ကင်းစင်လို့... ထျန်သခင်မမှာ မျက်ရည်တွေကျရင်း သားလေးနဖူးကို အသာနမ်းလေတယ်။

ဒုန်း! ဒုန်း! ဒုန်း

သူမ လန့်သွားသည်။

ဒုက္ခပဲ! သားလေးကို သူတို့တွေ့သွားလို့မဖြစ်ဘူး! သားလေးကို သတ်ပစ်ကြလိမ့်မယ်! ဘယ်လိုလုပ်ရမလဲ! ဘယ်နေရာမှာ ဖွက်ရမလဲ!

ဒုန်း! ဒုန်း! ဒုန်း!

ပျာပျာသလဲနဲ့ တစ်ခန်းလုံးကို လှည့်ပတ်ရှာနေတုန်း ‌ေသနတ်သံကို ကြားလိုက်ရတာကြောင့် မျက်လုံးစုံမှိတ်ပြီး သူမ,သားငယ်ကို တင်းနေအောင် ဖက်လိုက်မိသည်။ ခဏတိတ်ဆိတ်သွားပြီးနောက်....

ဒေါက်! ဒေါက်! ဒေါက်!

"ထျန်သခင်မ! ကျွန်တော် အတွင်းရေးမှူးဖန်ပါ! မကြောက်ပါနဲ့ ကျွန်တော် သခင်မကို ဒုက္ခမပေးပါဘူးလို့ ကျိန်ဆိုပါတယ်! တံခါးဖွင့်ပေးပါ! ကျွန်တော်တို့ ဒီနေရာက အမြန် ထွက်သွားမှ ရမယ်! ဝမ်သခင်ကြီးရဲ့ လူတွေက မကြာခင် ထပ်ရောက်လာတော့မယ်!"

ထျန်သခင်မ,ခမျာ ကြောက်လွန်းလို့ တုပ်တုပ်တောင်မလှုပ်ဘဲ ဘာမှလည်း ပြန်မပြောပေ။

ရုတ်တရက် တံခါးအောက်က လွတ်နေတဲ့နေရာကနေ သေနတ်တစ်လက် အထဲကိုရောက်လာသည်။

Your Death's My Survival { System }Where stories live. Discover now