YDMS 20

406 46 0
                                    

Unicode

ရှောင်းကျန့် မြင်လိုက်ရတာက.. သူတို့နှစ်ယောက်လုံး ၁၀ နှစ်သားအရွယ်တုန်းကအချိန်..။

"ဝမ်လေး! မင်းညစ်တယ်!"

"ငါမညစ်ပါဘူး!"

"ညစ်တယ်!"

"မညစ်ဘူး!"

"ညစ်တယ်!"

"ကလေးတွေ! ရန်ဖြစ်ပြန်ပြီလား!"

ဧည့်ခန်းထဲမှာ ငြိမ်ငြိမ်လေး ကျားကွက်ထိုင်ဆော့နေကြတဲ့ သားနဲ့ကျန့်ကျန့်က ရန်ဖြစ်နေကြတာကြောင့် ဝမ်မားတစ်ယောက် အလုပ်သမလေးတစ်ယောက်ကို အလုပ်ခိုင်းနေရင်းက လှမ်းဆူရသည်။

ကျန့်ကျန့်ပါးက အလုပ်ကိစ္စနဲ့ ခရီးသွားနေရလို့ သူ့သားလေးကို နှစ်ရက်လောက် ဒီမှာ လာအပ်ထားလို့ရလားမေးတုန်းက လက်ခံလိုက်တာမှားပြီထင်တယ်။ စရောက်တဲ့ တစ်ရက်လုံးလုံး အိမ်တော်တစ်ခုလုံး ဗြောင်းဆန်နေတာပဲ ဆော့လိုက်တာဆိုတာ..။

ဝမ်လေးကလည်း ကျန့်ကျန့်ဆိုးတာ တူတူလိုက်ဆိုးတယ်။ တစ်ယောက်ထဲနေတုန်းကတော့ ငြိမ်ကုပ်နေတာပဲ။ မနည်းတောင် ပြုံးခိုင်းရတယ်။ အခုကြတော့ ကျန့်ကျန့်နဲ့ အော်ဟစ်ပြီး တစ်အိမ်လုံးပတ်မွှေတာ အတွဲကိုညီလို့..။ တစ်အိမ်လုံးက လူတွေကိုလည်း လိုက်ရှုပ်ပြီး အလုပ်အေးဆေးလုပ်ခွင့်မပေးဘူး။

အခု ညဘက်ရောက်တော့မှ ကျားကွက်ထိုင်ဆော့ပြီး ငြိမ်သွားကြတယ်။ အဲ့တော့မှ တစ်အိမ်လုံးက လူတွေရဲ့ တစ်ပြိုင်နက်တည်း သက်ပြင်းချသံကို ကြားလိုက်ရတယ်။

ဒါပေမဲ့ ကြာကြာမငြိမ်ပါဘူး။ ကစားတာတော်တဲ့ ဝမ်လေးက အမြဲနိုင်နေတော့ ကျန့်ကျန့်က ငိုမဲ့မဲ့ရုပ်လေးဖြစ်လာရာကနေ ရှုံးမဲမဲပြီး ဝမ်လေးကို စွပ်စွဲသည်။ ဝမ်လေးကလည်း သူ,မဟုတ်တော့ ပြန်ငြင်းနဲ့.. ဧည့်ခန်းထဲမှာ ဆူညံနေ‌ေတာ့သည်။

လူကြီးတွေထက် ကလေးတွေ ရန်ဖြစ်တာက ပိုပြီးပြင်းထန်နိုင်သည်။ လူကြီးတွေကသာ စကားနဲ့ သွယ်ဝိုက်ပြီး စော်ကားတာမျိုးပြောချင် ပြောလိမ့်မယ်။ အရမ်းဒေါသမထိန်းနိုင်တော့မှ ဆံပင်စောင့်ဆွဲရုံလောက်ပေါ့။

Your Death's My Survival { System }Where stories live. Discover now