YDMS 34

603 46 10
                                    

Unicode

"ကျွန်တော်တို့ သံသယရှိတဲ့လူက ဘယ်သူလဲဆိုတာ ခင်ဗျား အခုလောက်ဆို ရိပ်မိလောက်ပါပြီ..."

ကျိုးလိက ရိပေါ်နဲ့ မိုင်ရန်တို့ အတွင်းရေးမှူးဖန်နဲ့ ဝေးပြီးဆိုတော့မှ စ၍ပြောသည်။

"...မထင်ထားဘူး.. မင်းငါ့ကို သေနတ်နဲ့ ချိန်တဲ့နေ့ ရှိလာလိမ့်မယ်လို့.."

"ကျွန်တော်တို့နှစ်‌ေယာက်လံုးက ဝမ်အိမ်တော်ရဲ့လူတွေ.... ခံစားချက်ကို ဘယ်နေရာမှာ ဦးစားပေးရမယ် မပေးရဘူးဆိုတာ သိပြီးသားပဲမလား.."

အတွင်းရေးမှူးဖန်က မျက်မှောင်ကြုတ်သည်။ ရိပေါ်ကလည်း ကျိုးလိကိုယ်တိုင် အခြေအနေကို ထိန်း‌ေစရန် ဘာမှဝင်မပါပေ။

နှစ်ယောက်သားပြောတဲ့ စကားတွေကို ကြားပြီး ကျိုးလိနဲ့ အတွင်းရေးမှူးဖန်ရဲ့ ကြားက ဆက်ဆံရေးကို ရှောင်းကျန့် ပထမဆုံးအကြိမ် သိချင်မိလေတော့သည်။

(Ash သူတို့....)

(အချက်အလက် ရှာနေပါတယ်)

(ငါ့စိတ်ကို ဖတ်ပြန်ပြီ! ဒီသောက်ကောင်ကတော့!)

(နောက်ကြရင်တော့ host ရဲ့ ဆဲသံလေးတွေကို လွမ်းမိတော့မှာပဲဗျာ)

(မင်းရှာတွေ့တာကိုသာ မြန်မြန်ပြောစမ်းပါ!)

(အဟမ်း! သူတို့နှစ်ယောက်က.... wtf!!!!!)

(ဘာဖြစ်လို့)

(ဆရာတပည့်အရင်းကြီးတွေဗျ!!!)

(ဘာ!!!!!!!!)

အတွင်းရေးမှူးဖန်ကို သံသယရှိခဲ့တဲ့ ပထမဆုံးလူက ကျိုးလိ... သူ့တပည့်ကလည်း ကျိုးလိပဲ..

ရိပေါ်က ဒါကြောင့် ဘေးဖယ်နေတာကိုး..။

ဌာနမှူးလီ ရောက်လာတော့ အတွင်းရေးမှူးဖန်ကို လက်ထိပ်ခတ်ကာ ထောက်လှမ်းရေးခန်းထဲ ခေါ်သွားကြသည်။ သို့ပေမဲ့ အိမ်တော်ထဲကလူတွေကိုတော့ အသိမပေးခဲ့ပေ။

အတွင်းရေးမှူးဖန်က ဘယ်လိုဆက်စပ်နေတယ်ဆိုတာ မသိသေးပေမဲ့.. ရိပေါ်ကတော့ ထျန်အိမ်ကိစ္စသည် ဝမ်အိမ်တော်ကလုပ်သည်မှန်း သေချာသွားပြီဟု ယူဆလိုက်သည်။

သူတင်မဟုတ်ဘူး.. ဌာနမှူးလီကလည်း နည်းတူပင်။ ဝမ်အိမ်တော်ကို ဒုက္ခရောက်စေမယ့် ကိစ္စကို ဒီ ဝမ်အိမ်တော်ကြီးအတွင်းမှာပဲ ကြံစည်နေတာ ဝမ်သခင်လေးကိုတောင်မှ အားနာရမလား ဘာလုပ်ရမလဲတောင် မသိတော့ပေ။

Your Death's My Survival { System }Where stories live. Discover now