YDMS 21

377 47 2
                                    

Unicode

ရှောင်းကျန့် နိုးလာတော့ မနက်အရုဏ်တက်ပဲ ရှိသေးတယ်။ သူ ဝမ်ရိပေါ်ကို သေချာပြောလိုက်မိလား သိပ်မမှတ်မိတော့ဘူး။ ဝမ်ရိပေါ်ကရော မှတ်မိပါ့မလား။ အိပ်မက်ဆိုတာ တစ်ခါမက်ပြီးရင် မှတ်မိဖို့ ခက်ခဲတယ်။

မဟုတ်မှ အဲ့ကောင် ဒါကို ရိုးရိုးအိပ်မက်လို့ပဲ ယူဆလိုက်မှာတော့ မဟုတ်ပါဘူးနော်။

မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။

(Warning!!! ဒီနေ့ နောက်ဆုံးနေ့ပါ host!)

(အင်း..)

System 95 မှာ question mark လေးတွေ တန်းစီသွားတယ်။ နောက်ဆုံးနေ့ကျမှ သူ့ host အရမ်းကို တည်ငြိမ်နေသလားလို့။ တစ်ခါထပ်ပြောကြည့်ဦးမယ်။

(နောက်ဆုံးနေ့နော် host!)

(သိတယ်..)

(ဒါဆို host အခု ဘာလုပ်နေတာလဲ!)

(မနက်စာ)

(???)

(ဘာလဲ နောက်ဆုံးနေ့မှာ မနက်စာမစားရဘူးလား)

(မ..မဟုတ်ပါဘူး စားပါ စားပါ..)

(ဒါနဲ့ ငါတစ်ခုတွေးမိလို့ မေးဦးမယ်)

(မေးပါ host)

(မင်း ယာယီပြစ်ဒဏ် ‌ေပးခံထားရတယ်မလား.. ဒါဆို.. မင်း အခု ငါနဲ့ စိတ်ထဲမှာ စကားပြောနေတာလေ.. ငါ့စိတ်ကို ဖတ်လို့မရဘူးဆို.. ဒါကျတော့ ဘယ်လိုရတာလဲ..)

(အဲ့ဒါက host က ကျွန်တော့်ကို ရည်ရွယ်ပြီး ပြောတာမို့လို့ပါ..)

(အောန်း.. ဒါဆို မင်းပြစ်ဒဏ်က ဘယ်တော့ပြီးမှာလဲ..)

(နောက်တစ်လပြည့်ရင် ပြီးပါပြီ host, ဘာဖြစ်လို့လဲ)

(ဘာမှမဟုတ်ပါဘူး ငါသေသွားရင်ရော မင်းက ဘာဖြစ်သွားမှာလဲ)

(တခြား host နဲ့ ထပ်ပြီးချိတ်ဆက်ရမယ် ထင်တာပဲ.. ဟင်းးး ကျွန်တော် system ဖြစ်ပြီး ပထမဆုံး ချိတ်ဆက်ရတဲ့ host က တာဝန်တွေ ‌မအောင်မြင်ဘဲ ထွက်သွားရတော့မယ်ဆိုတော့ စိတ်မကောင်းဘူးဗျာ)

ရှောင်းကျန့် ဘာမှပြန်မပြောမိပေ။ ထမင်းစားပွဲမှာ ထိုင်ပြီး မနက်စာစားနေတုန်း ဝမ်ရိပေါ် ရောက်လာသည်။

Your Death's My Survival { System }Où les histoires vivent. Découvrez maintenant