YDMS 11

425 61 0
                                    

Unicode

ရိပေါ်က မိုင်ရန်ကို အရင်သွားခိုင်းပြီး သူကတော့ ရှောင်ပါး အခန်းမှာ ကျန်ခဲ့လေသည်။ ရှောင်းကျန့် ရဲ့လူနာခန်းက အပေါ်ဆုံးထပ်မှာ ဖြစ်ပြီး ညာဘက် လေးခန်းကျော်မှာတော့ ရှောင်ပါးရဲ့အခန်း ရှိသည်။ နှစ်ယောက်လုံး VIP ခန်းတွေမှာပင်။ ပုံမှန်ဆိုရင် ပါးက ရိုးရိုးမူးလဲတာ ဆိုပြီး VIP ခန်းမှာ နေမှာမဟုတ်ပေမဲ့လည်း ရိပေါ်က အတင်း စီစဥ်ပေးထားတာဖြစ်သည်။

ရှောင်းကျန့် လူနာခန်းကို ရောက်တော့ လွယ်အိတ်ကို ဆိုဖာပေါ်တင်လိုက်ပြီး ကုတင်ပေါ်က သူ့ခန္ဓာကိုယ်သူ တစ်ချက်သွားကြည့်လိုက်သည်။ ရိပေါ် ခန့်ထားတဲ့ လုံခြုံရေးနှစ်ယောက်က တံခါးရဲ့ ဘေးနှစ်ဖက်မှာ နံရံနဲ့ကျောနဲ့ကပ်ပြီး အခန်းထဲကို မျက်နှာလှည့်ကာ စောင့်ကြည့်နေတာကြောင့် သူ ကုတင်နားကပ်သွားတာမြင်တော့ တစ်ခုခုမဟုတ်တာလုပ်ရင် သတ်တော့မယ့်ပုံစံနဲ့ ကြည့်နေကြလေသည်။

သူတို့ စိုးရိမ်တာလည်း မဆန်းပါဘူး။ အရင်တစ်ခါက ရှောင်ပါး မူးလဲတာကို မသိကြတဲ့လံုခြုံရေးနှစ်ယောက်ကို ရိပေါ်က အလုပ်ထုတ်လိုက်တယ်။ အဲ့တော့ သူတို့ လန့်နေကြမှာပေါ့။ တစ်ခုခုမှားရင် သူတို့လည်း အလုပ်ပြုတ်သွားနိုင်တယ်လေ။

ဝမ်မားရော ရိပေါ်ပါ ရှောင်ပါးကို နှုတ်ဆက်ပြီး ထွက်လာခဲ့ကြသည်။ ရိပေါ်က သူ့အမေကို ဆေးရုံရှေ့အထိ လိုက်ပို့ရင်း ဖန်မင်ဟုန် အကြောင်းကို ပြောပြဖြစ်သည်။ သူတို့နှစ်ယောက်ရဲ့ နောက်ကလိုက်လာတဲ့ အမျိုးသမီးက ဝမ်မားရဲ့ အတွင်းရေးမှူးပင်ဖြစ်သည်။ အသက် ၃၀ ကျော် အမျိုးသမီးကို အိမ်အကူအဒေါ်ကြီးလို့ ထင်တဲ့သူက ရှောင်းကျန့်ပဲ ရှိ‌ေလသည်။

ဝမ်မားက ကျောင်းအုပ်ဆိုပေမဲ့ သာမန်ကိစ္စတွေကို ရိပေါ် ဦးလေးကသာ တာဝန်ယူ ဦးစီးတာများသည်။ ရိုးရိုးကျောင်းသားတွေ ရန်ဖြစ်တာလောက်တော့ ဝမ်မားကို တင်ပြနေမယ့်အစား ဦးလေးက သူကိုယ်တိုင်ပဲ ရှင်းသည်။ ပါးနဲ့ ဆက်ဆံရေးမကောင်းတဲ့ ဦးလေးက မားနဲ့တော့ မောင်နှမလို ခင်မင်ရင်းနှီး‌ေလသည်။

ဖန်မင်ဟုန် က မိုင်ရန်ကို အနိုင်ကျင့်သည့်ကိစ္စကို အရင်က ဆရာပိုင်ချန်းယွီက သူကိုယ်တိုင် ဝမ်မားဆီ တိုင်ကြားခဲ့ဖူးတာမို့ ရိပေါ် ပြောပြတဲ့အခါ ဝမ်မားက ဖန်မင်ဟုန်ကို တန်းမှတ်မိလေသည်။ အဲ့တုန်းက ဖန်မင်ဟုန်ကြောင့် မိုင်ရန်က ဆေးရုံ ယာယီတက်လိုက်ရတာကြောင့် ဝမ်မားနဲ့ မတွေ့ခဲ့ဖူးပေ။

Your Death's My Survival { System }Where stories live. Discover now