YDMS 27

351 36 0
                                    

Unicode

"အရမ်းကြီး လေးနက်စရာမလိုပါဘူး.. ဘယ်သူမှ ဒီနေရာကို လာပြီးအန္တရာယ်ပေးမှာ မဟုတ်ဘူး"

"ထျန်သခင်လေးကို မျက်စိဒေါင့်ထောက် ကြည့်နေပါ့မယ်လို့ boss ကို ကတိပေးထားပါတယ်"

"ဒီတစ်ခါတော့ ကျွန်တော်တို့ တာဝန်ကို သေချာထမ်းဆောင်ပါရစေ"

ပထမတစ်ခါက သူတို့မျက်စိအောက်က လွတ်တုန်း ထွက်ပြေးသွားတဲ့ ထျန်သခင်လေးကို အခုတော့ သေချာစောင့်ကြည့်ပါ့မယ်ဆိုပြီး boss ကို ကတိပေးပြီးမှ ဒီကို လာခွင့်ရတာ ဖြစ်သည်။ ဒါကြောင့် အကုန်လုံးက ရောက်ရောက်ချင်း ထိုင်ပင်မထိုင်... အိမ်ပတ်ပတ်လည်မှာ ကိုယ်စီနေရာယူ စောင့်ကြည့်ကြလေသည်။

အိမ်ပေါ် ခေါ်တာတောင် တစ်ယောက်မှ တက်မလာလို့ ရှောင်းကျန့်(ထျန်မိုင်ရန်)မှာ ကိုယ်တိုင်ဆင်းခေါ်နေရလေသည်။

"ဒါဆိုလည်း ညစာလေးဘာလေး စားပြီးမှ တာဝန်ကို ဆက်လုပ်လေ.. ကျွန်တော် ဟင်းချက်ပေးမယ်"

"မစားတော့ပါဘူး သခင်လေး.."

"မလိုပါဘူး သခင်လေး.."

"ကျွန်တော်တို့ မဆာပါဘူး.."

တကယ်ပဲ တာဝန်သေချာလုပ်ချင်လို့လား၊ ရှောင်းကျန့်ရဲ့ လက်ရာကိုပဲ ကြောက်လို့လားတော့မသိဘူး။ ဇွတ်ငြင်းလာကြတဲ့လူတွေကြောင့် ရှောင်းကျန့် လက်လျှော့ပြီးတော့သာ အိမ်ပေါ် ပြန်တက်ခဲ့တော့သည်။

အန်တီလေးကို အကျိုးအကြောင်း ပြောပြလိုက်တော့ ရိပေါ်ကို ကျေးဇူးတင်စကား ပြောခိုင်းနေသေးတယ်။

ဘယ်သူသိမှာလဲ.. ရေခဲတုံး ဝမ်ရိပေါ်က ထျန်မိုင်ရန်ဆိုတဲ့ ကောင်လေးကို ဒီလောက်ထိ ဂရုစိုက်မယ်ဆိုတာ။ ဟင်း.. ငါမစ်ရှင်တွေ အောင်မြင်သွားတဲ့အခါကျရင် ဝမ်ရိပေါ်တို့ ဘယ်လိုလုပ်ပါ့မလဲ။ သူ ထျန်မိုင်ရန်ကို သေချာပေါက် ဆုံးရှုံးရမှာ..။

"အားရန်.."

"ဗျာ! ဘာပြောလိုက်တာလဲ အန်တီလေး.."

"ဘာတွေတွေးနေတာလဲကွယ်.. သားမှာ တွေးပူစရာတစ်ခုခုရှိနေရင် အန်တီလေးကို ပြောပြလို့ရတယ်နော်"

Your Death's My Survival { System }حيث تعيش القصص. اكتشف الآن