YDMS 10

525 59 1
                                    

Unicode

"ဝမ်လေး..."

ဝမ်လေး တဲ့လား။ သူ့ကို ဒီလို ခေါ်ဖူးတာဆိုလို့ တစ်ယောက်ပဲ ရှိသည်လေ။ ရှောင်းကျန့်က ဒီအကြောင်းတွေပါ မိုင်ရန်ကို ပြောပြထားတာလား။

"သတိထားဦး!"

ရိပေါ် ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး မိုင်ရန်က မတ်မတ်ရပ်သည်။ အမြင်က နည်းနည်း ဝေဝါးနေပေမဲ့ သတိတော့ ရှိသေးသည်။

"ကျေးဇူးပဲ.. မင်းရောက်လာလို့ တော်သေးတယ်..."

အကျင်္ ီကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်ရင်း ဟိုကောင် နင်းသွားတဲ့ အကျင်္ ီရင်ဘတ်ကိုလည်း ဖုန်ခါလိုက်သည်။

အဲ့သောက်ရူးကောင်ကို ငါပြန်နိုးတဲ့တစ်နေ့ ကောင်းကောင်း ပညာပေးပစ်ဦးမယ်။ အားး မူးလိုက်တာ။ အဲ့ကောင် မိုင်ရန် ကို ဘယ်ကတည်းက မေ့ဆေးအုပ်ပြီး အဓမ္မကျင့်ချင်နေတာလဲမသိဘူး။ နှာဘူးကောင်..။

"အဆင်ပြေပြီဆို သွားမယ်"

ရိပေါ်က ရှေ့ကထွက်သွားတာမို့ နောက်က မူးမူးနဲ့ ရှောင်းကျန့်တစ်ဖြစ်လဲ မိုင်ရန် က မနည်းလိုက်ရသည်။ ကန်တင်းကို ဦးတည်သွားနေတဲ့ ဝမ်ရိပေါ်က တစ်ခုခုကို တွေးနေပုံ...

ဖန်မင်ဟုန် က ဘာလို့ ကျောင်းမှာတင် မိုင်ရန် ကို ရဲရဲတင်းတင်း ဖိနှိပ်နိုင်နေတာလဲ။ ဦးလေးနဲ့မားက ကျောင်းသားတွေ ဒီလိုမျိုး လုပ်တာကို ခွင့်ပြုတတ်တဲ့သူတွေမှ မဟုတ်တာ။ ရိ‌ေပါ် ကိုယ်တိုင်လည်း ဒီကျောင်းမှာတော့ အနိုင်ကျင့်တာမျိုး လုပ်ခွင့်မရှိပေ။ လုပ်ခဲ့ရင်.. မားရော၊ ဦးလေးရော သူ့ကို ဒီကျောင်းက ကန်ထုတ်ကြလိမ့်မယ်။ ဖန်မင်ဟုန်က မိုင်ရန်ကို အဓမ္မကျင့်ဖို့ ပြန်‌ေပးဆွဲတာအထိတောင် လုပ်ရဲတယ်ဆိုတော့ ကြည့်ရတာ အတွင်းရေးမှူးဖန် နဲ့ တစ်ခါလောက် အပြင်မှာ တွေ့သင့်ပြီထင်တယ်။

"ရိပေါ်... ဝမ်ရိပေါ်! ငါခေါ်နေတာကြားလား!"

ဆယ်ခါလောက်ခေါ်ပြီးကာမှ လှည့်ကြည့်လာတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့် မကြည်ကြည့်နဲ့ ကြည့်လိုက်ပြီးမှ ကိုယ့်ကို ကယ်ထားတဲ့လူမို့လို့ မျက်နှာကြော ပြန်လျှော့လိုက်ရသည်။

Your Death's My Survival { System }Where stories live. Discover now