"မကြာပါဘူး...အခုက ဘယ်ကိုသွားရမှာလဲ"
"လာ...ငါ့နောက်လိုက်ခဲ့"
လမ်းထိပ်ထိထွက်ပြီးမှ Taxi တစ်စီးငှါးခဲ့လိုက်သည်။
ရောက်သွားတော့ ငှါးထားတဲ့ အိမ်က ခပ်မြင့်မြင့်လေး။မဆိုးပါဘူး။လခပေးရတာနဲ့တော့ တန်သေးသားပဲ။
"လာလေ..ဝင်မယ်"
Taxi မောင်းတဲ့ ဦးလေးကြီးထွက်သွားပြီးသည်အထိ ငေးလို့မပြီးသေးသည့်မောင်ကြောင့် သတိပေးရတယ်။မောင့်ဆီကနေ စကားသံထွက်လာတယ်။
"ကိုကို့ကို အိမ်ကြီးအိမ်ကောင်းမှာ နေလို့ရရဲ့သားနဲ့ ဒီအိမ်မှာ လာနေရအောင် လုပ်မိတာ အားနာလိုက်တာ" တဲ့။အားနာစရာ မလိုတဲ့ အကြောင်း အဆင်ပြေတဲ့ အကြောင်းကို နောက်မှ အေးဆေးပြောပြရပေဦးမည်။
"လာစမ်းပါ...အိမ်သန့်ရှင်းရေးလုပ်ရဦးမှာ နောက်ကျနေလိမ့်မယ်"
အတင်းဆွဲခေါ်တော့ ပြုံးပြုံးကြီးနဲ့ ပါလာရှာတယ်။ဒီအိမ်မှာ နေရတော့လည်း ဘာဖြစ်လဲ။ချစ်တဲ့ သူနဲ့ နေရရင် စိတ်ချမ်းသာတာပဲ မဟုတ်ဘူးလား။နေရတာ စိတ်ချမ်းသာရင် ဘယ်နေရာဖြစ်ဖြစ် ပျော်စရာပဲလေ။
"ကဲ...ဘယ်ကနေ စပြီး လုပ်မလဲ"
"ဖုန်တေ အရင်သိမ်းရမှာပေါ့"
"အေး သိမ်းရမယ်...ညစာတော့ ဝယ်စားလိုက်ကြတာပေါ့"
"Ok ဗျာ"
"အမေတို့ကို ဖုန်းဆက်ပြီးပြီလား ရောက်ပြီဆိုတဲ့ အကြောင်း"
"ဆက်လိုက်ပြီးပြီ ကိုကို့အိမ်ရှေ့မှာစောင့်နေတုန်းက"
"ဒါဆိုလည်း ပြီးရော"
တစ်အိမ်လုံးကို ဖုန်တေသိမ်း ပင့်ကူအိမ်တေရှင်းနဲ့ အားလုံးပြီးသွားတော့ ငါးနာရီလောက်ရှိနေပြီ။ရေချိုးရဦးမယ်။
'တော်သေးတာပေါ့...တွင်းတူးထားလို့'
ရေက ရေတွင်းတူးထားတော့ မီးပျက်တာတို့ ဘာတို့ဆိုလည်း စိတ်ပူစရာမလို။လူမနေတော့ ရေကန်ကလည်း ခြောက်ကပ်နေတာမို့ အရင်ဆေးကြောပြီး မှ ရေတင်ရတယ်။
"မောင်ရေ ဘာလုပ်နေတာလဲ...ပြီးရင် ရေချိုးမယ်နော်...ကြာနေမှာစိုးလို့ တစ်ခါတည်းလာချိုး..ငါဗိုက်ဆာနေပြီ"