သူ့မျက်ဝန်းထဲက အကြည့်တို့က ဘာတွေးနေမှန်း အဖြေရှာမရပေ။

တဖက်မှ စုယွဲ့ကတော့ ထိုအခြေအနေကြား ခေါင်းကိုက်လာတာမို့ နဖူးကို ပွတ်နေလေ၏။

'ချီရှန်ရဲ့ အပြုအမူက သိပ်မကောင်းဘူး ဆိုရင်တောင်မှ ကျွန်မတို့ သူလုပ်ပေးခဲ့တဲ့ အရာတွေကို မမေ့လိုက်သင့်ဘူးမလား' လို့ မဒမ်က ပြောလိုက်သင့်တာ မဟုတ်ဘူးလား။ အခုလိုမျိုးကြီး သွားပြောလိုက်တော့ ဘော့စ်က ဘယ်လိုလုပ်ပြီး ချီရှန်ကို လွှတ်ပေးတော့မှာလဲ။ တကယ်ပါပဲ ချီရှန့်အဆင့်က အနိမ့်စား ဝန်ထမ်းရာထူးမျိုးမှ မဟုတ်တာ!

ခနအကြာမှာပဲ ဟော်ပေ့ချန်က ကော်ဖီခွက်ကို ယူလိုက်ပြီး တည်ငြိမ်စွာ ‌အဖြေပေးလိုက်သည်။ "ရတယ်"

"???"

စုယွဲ့ ကိုယ့်နားကိုယ် မယုံကြည်နိုင် ဖြစ်သွားရသည်။

စာကြည့်ခန်းထဲသို့ ပြန်မသွားခင် ဟော်ပေ့ချန်က စုယွဲ့ကို ကြည့်ရင်း မေးလိုက်သည်။ "ရှိသေးလို့လား"

စုယွဲ့ အလောတကြီး မတ်တပ် ရပ်လိုက်ကာ "မရှိတော့ပါဘူး မရှိတော့ပါဘူး ဘော့စ်။ ကျွန်တော် သွားပါတော့မယ်"

ပြီးနောက်မှာတော့ တံခါးဆီသို့ သူ အလျင်အမြန် ဦးတည်လိုက်သည်။ နေရောင်အောက် ရောက်သည့်တိုင် စုယွဲ့ နှလုံးခုန်သံက ကဆုန်ဆိုင်းနေတုန်း ဖြစ်လေ၏။

စိတ်ငြိမ်ဖို့ မျက်မှန်ရဲ့ ရွှေရောင်ကိုင်းကို ပွတ်နေရင်းမှ ဖုန်းတုန်နေတာကို စုယွဲ့ ခံစားလိုက်ရသည်။

ချီရှန်ဆီမှ messageဖြစ်လေ၏။

[မဟုတ်သေးပါဘူး။ ဉာဏ်တုံးတဲ့ မိန်းမ နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေတာလဲ။ နင်က သွားတောင်းဆိုရုံနဲ့ ငါတို့ဘော့စ်ရဲ့ စိတ်ကို ပြောင်းနိုင်မယ်လို့ ထင်နေတာလား။ နင် ငါ့ပိုက်‌ဆံတွေကို လိမ်ယူချင်တာလို့ပဲ ထင်နေတယ်။ ‌တော်တော် ငွေဆာနေတဲ့ မိန်းမ]

"..."

Messageကို စုယွဲ့ ခနတာဖတ်ပြီးသည့်နောက် စာပြန်လိုက်သည်။

[ပြီးသွားပြီ။ မင်းအခု အိမ်ပြန်လာလို့ရပြီ]

[???]

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now