စုယွဲ့ ခေါင်းတချက်ငြိမ့်လိုက်ပြီး "ချီရှန်ကို လွှတ်ပေးဖို့ ဘော့စ်ကို သွားပြောပေးလို့ ရမလား မဒမ်"

စုယွဲ့ရဲ့ လက်ရှိရက်တွေက စိတ်မချမ်းမြေ့စရာ ကောင်းလွန်းလှ၏။

S Clubကို ချီရှန် သွားပြီးတည်းက သူ့နေရာ အစားထိုးနိုင်မည့်လူ မရှိပေ။ ဟော်ပေ့ချန်အတွက် လက်ထောက်ကလည်း လိုအပ်နေဆဲဖြစ်တာမို့ စုယွဲ့က ခနအစားဝင်ပေးနေတာ ဖြစ်လေ၏။

ချီရှန်ရဲ့ ထူးဆန်းပြီး ခံစားမှုမရှိတဲ့ ဦးနှောက်က သူတို့ရဲ့ စိတ်ပြောင်းလွယ်တဲ့ ဘော့စ်နဲ့ အံကိုက်လေသည်။ စုယွဲ့ကတော့ ချီရှန်‌နဲ့မတူတာမို့ ဘော့စ်နားမှာ ၂ရက်လောက် ဆက်တိုက်နေရုံနဲ့တင် ဖော်ပြလို့တောင်မရတဲ့ ညှင်းပန်းမှုကို ခံစားလို့နေရ၏။

လုပ်စမ်းပါ! သူက မိသားစု ဒေါက်တာလေ သူ့အနေနဲ့ ဒါမျိုးတွေ လုပ်နေဖို့ အကြောင်းအရင်းမှ မရှိတာ!

ထိုသို့ ကြားလိုက်တဲ့အခါ နင်မုန့်က မလွယ်ကူစွာပဲ ပြန်ဖြေလိုက်သည် "မဖြစ်ဘူး မဖြစ်ဘူး အဲ့ဆုံးဖြတ်ချက်က နောက်ဆုံးလေ မှတ်မိတယ်မလား။ ဒီဆုံးဖြတ်ချက်က ငါတို့ရဲ့ ကြောက်ဖို့ကောင်းပြီး ကြီးကျယ် မြင့်မြတ်တဲ့ ဘုရင်ကြီးချန်ရဲ့ ဆုံးဖြတ်ချက်လေ! ငါက ဘယ်လိုလုပ်ပြီး သူ့စိတ်ကို ပြောင်းနိုင်မှာလဲ"

ပြီးတော့ သူမနဲ့ ချီရှန်ဆိုတာကလည်း အကြောတည့်တဲ့ အမျိုးမှ မဟုတ်တာ။ သူလွတ်ဖို့အတွက်နဲ့ ဘာလို့များ သူမရဲ့ဘဝကို စွန့်စားရမှာလဲ။

သူ့အကူအညီကို ငြင်းလိုက်ပြီးနောက်မှာ နင်မုန့် တံခါးဆီသို့ ပြန်သွားလိုက်သည်။ ထိုအချိန်မှာပဲ ရုတ်တရက်....

"သူလွတ်ဖို့အတွက် ကျွန်တော် ၂သန်းနဲ့ ကမ်းလှမ်းတယ်"

ထိုသို့ ကြားလိုက်တဲ့အခါ နင်မုန့် ရပ်လိုက်ပြီး သူ့ဘက်သို့ ပြန်လှည့်လိုက်သည်။

"အင်း အဲ့ကိစ္စ အရင် ဆွေးနွေးကြမယ်လေ"

"..."

ကော်ဖီဖျော်ဖို့ ဟော်ပေ့ချန်က စာကြည့်ခန်းထဲက ထွက်လာတဲ့အခါ ဧည့်ခန်းထဲမှာ သူမြင်လိုက်တဲ့အရာက__ နင်မုန့်နဲ့ စုယွဲ့က ဆိုဖာပေါ်မှာ နီးနီးကပ်ကပ် ထိုင်နေကြတာဖြစ်ပြီး တစ်စုံတခုကို တီးတိုး ပြောလို့နေကြလေ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now