အခန်း-၄၉(ဥက္ကဋ္ဌချူ)

Start from the beginning
                                    

မန်​နေဂျာကျန်းကလည်း ​ပေါ်ယွီရဲ့ပခုံးကို ပုတ်ကာ တီးတိုး​ပြောလိုက်သည်။
  " ဒါရိုက်တာနဲ့ ​ခေါင်း​ဆောင်အယ်ဒီတာက shooting ကိစ္စကို စကား​ပြော​နေကြတယ်။ သိုးသိုးသွက်သွက်လုပ်ပြီး သူတို့နဲ့ သွား​တွေ့​တော့။ ​ပေါ့ပျက်ပျက်လုပ်မ​နေနဲ့ဦး​နော်။ မင်း ငါ ​ပြောတာ နားလည်တယ်မလား ? "

​ပေါ်ယွီက ၀တ်​ကျေတမ်း​ကျေ ကတိတစ်ခုကို  ​ပြန်ပေးလိုက်ပြီး မန်​နေဂျာကျန်းနဲ့အတူ ဒါရိုက်တာဆီ လမ်း​လျှောက်သွားလိုက်သည်။

ဒါရိုက်တာက ​ပေါ်ယွီကို အလွန်သ​ဘောကျသည်။ဟာသအနည်းငယ်​လောက် ​ပြောဆိုကြပြီးတဲ့အချိန်မှာ ဒါရိုက်တာက ဖုန်းတစ်ခု၀င်လာတာ​ကြောင့် အရင် ထွက်သွားခဲ့သည်။

​မော့အန်းရဲ့ ​ခေါင်း​ဆောင်အယ်ဒီတာဟာ မျက်မှန်၀တ်ထားတဲ့ အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ဦးသာဖြစ်သည်။သူမက သာမာန်ရိုးရှင်းတယ်ဆို​ပေမယ့် သူမရဲ့စကားလုံး​တွေနဲ့ အရှိန်အဝါ​တွေက​တော့ လွှမ်းမိုးနိုင်လှသည်။သူမက ​ပေါ်ယွီရဲ့လက်ကို အရင်စဆွဲနှုတ်ဆက်လိုက်ပြီး shooting အ​ကြောင်းကို အ​သေးစိတ် ​သေချာ ရှင်းပြ​တော့သည်။

​ဆောင်းရာသီကို ​ရောက်ရှိလာပြီဖြစ်သည်။ဟွားချန်မြို့​တော်ရဲ့​ဆောင်းဥတုဟာ အလွန် ​အေးခဲ​နေတတ်ပြီး အပူချိန် သုည​အောက်ကို ​ရောက်တဲ့အခါမှာဆိုရင် နှင်း​​တွေပါ ကျဆင်းလာ​လေ့ရှိသည်။

" ဒီရာသီမှာ ကျွန်မတို့ shooting ရဲ့ အဓိက theme က ​ဆောင်းချစ်သူ​တွေအတွက်ပဲ။ ရာသီဥတု​ကြောင့် magazine ကို ဒီလကုန်မှာပဲ တန်းပြီး ထုတ်​ဝေလိမ့်မယ် "   ​ခေါင်း​ဆောင်အယ်ဒီတာက ​ပြောလိုက်သည်။
  " အ၀တ်အစားသစ်​တွေ ဒီ​ရောက်​နေပြီ။ အကုန်လုံး ရှင့် size ​တွေအတိုင်းပဲ "

မန်​နေဂျာကျန်း ၀င်​ပြောလိုက်သည်။   " ခုရာသီ ... ဘာလို့ ဒီ​လောက်ကြီး အလျင်စလို အ​ရေးတကြီး လုပ်​နေတာလဲ ? "

​​ယေဘုယျ ​ပြောရရင် star ​တွေ cover ရိုက်ကူးထားတဲ့ magazine ​​တွေဟာ ခုလမှာရိုက် ခုလမှာထုတ်​ပစ်လိုက်လို့မရဘဲ အ​​စောဆုံးအ​နေနဲ့ ​နောက်လ​လောက်မှသာ ထုတ်​ဝေလို့ရသည်။ဘာပဲဖြစ်ဖြစ် နမူနာ magazine ​တွေကို စစ်​ဆေးတာနဲ့ ပုံနှိပ်ဋ္ဌာနကို ဆက်သွယ်ရတာ​တွေအပါအ၀င် စသည့်စသည့် ကိစ္စ​တွေ တစ်တန်းကြီးရှိသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now