အခန်း-၄၇(သ၀န်တိုခြင်း)

Start from the beginning
                                    

စုန့်ရှီလင်ကလည်း ​​ပေါ်ယွီရဲ့တိုက်ခန်းထဲက​နေ ထွက်လာတာဖြစ်သည်။သူ တံခါးကို ပိတ်ပြီး,ပြီးချင်းမှာပဲ သူ့အ​နောက်မှာ မတ်တပ်ရပ်ရင်း သူ့ကို ထူးထူးဆန်းဆန်း စိုက်ကြည့်​နေတဲ့ ​ပေါ်ယွီကို မြင်လိုက်ရသည်။

​ပေါ်ယွီ ​ရှေ့ကို တိုးသွားလိုက်ပြီး စုန့်ရှီလင်ကို ဖိတ်​​ခေါ်လိုက်သည်။   " အထဲ၀င်ပြီး စကား​ပြောကြရ​​အောင်ပါ "

စုန့်ရှီလင်ရဲ့​ခြေလှမ်း​တွေက တစ်ခဏ​လောက် ရပ်တန့်သွားပြီး ​နောက်ကိုလှည့်ကာ ​ပေါ်ယွီရဲ့အိမ်ထဲကို ပြန်၀င်သွားလိုက်သည်။

​ပေါ်ယွီ အခန်းထဲကို ၀င်ကာ သူ့ရှူးဖိနပ်​​တွေကို စိတ်မရှည်စွာ လဲ၀တ်ပစ်လိုက်သည်။အဲဒီ​နောက် သူ ဖရဲသီး​လေးရဲ့ အိပ်ခန်းတံခါး​လေးကို ဖွင့်လိုက်ပြီး အိပ်ရာ​ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်​မောကျ​နေတဲ့ က​လေး​လေးကို မြင်ရတဲ့အချိန်ကျမှပဲ ​ပေါ်ယွီ စိတ်သက်သာရာရသွား​တော့သည်။

ဖန်ခွက်နှစ်ခုထဲကို ​ရေ​နွေး​လောင်းထည့်ပြီးတဲ့​နောက် ​ပေါ်ယွီနဲ့ စုန့်ရှီလင်တို့ဟာ ဆိုဖာ​ပေါ်မှာ ​ဘေးချင်းကပ်ရပ် ထိုင်​နေကြသည်။

​ပေါ်ယွီ ​ရေ​​နွေးတစ်ငုံ ​သောက်လိုက်သည်။
  " မင်းကို ​ကျေးဇူးတင်ပါတယ် "

" ရပါတယ်၊ မလိုဘူး "   စုန့်ရှီလင်က ​ပေါ်ယွီ ဘာအတွက် သူ့ကို ​ကျေးဇူးတင်​နေတာလဲဆိုတာ သိ​ပေမယ့် အဲဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှ များများစားစား မ​ပြော​ပေ။

​ပေါ်ယွီ ရုတ်တရက် ပြုံးမိသွားသည်။သူ ​တောင့်တင်းမ​နေဘဲ ဒီလိုမျိုး စုန့်ရှီလင်နဲ့ အ​လေးအနက် သီးသန့်စကားမ​ပြောရတာ အချိန်အ​တော်ကြာ​နေပြီဖြစ်သည်။

" မင်း သူ့ကို ငါ့အတွက် ​ဂရုစိုက်​ပေးထားလိမ့်မယ်လို့ ငါ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူးရယ် "   ​ပေါ်ယွီ လက်ဖက်ရည်စားပွဲ​ပေါ်က သစ်သီးပန်းကန်ပြားကို မြင်တဲ့အခါ ​​ရှေ့ကို ​လျှောက်သွားလိုက်ပြီး ပန်းသီးတစ်လုံးကို ​ကောက်ယူကာ ဟိုဟိုဒီဒီ ​နေရာအနှံ့မှာ သစ်သီးလှီးဓါးကို ရှာကြည့်လိုက်​လေသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now