" ဟယ်!!! သားလေး "

ဒေါ်‌ရွှေတစ်ယောက် မြင်လိုက်ရသည်ကတော့
ကုတင်ခြေရင်းတွင် ခွေခွေလေး လဲနေသည့်
မြေ့နင်းခကို ဖြစ်သည်။

မြေ့နင်းခနားကို သူမ အမြန်ပြေးလာပြီး
လှုပ်ကြည့်တော့ ပူခြစ်တောက်နေသည့် အထိအတွေ့ကို
ခံစားလိုက်ရသည်။

" ဖိုးသူရေ ဖိုးသူ "

အခန်းပြင်ထွက်ပြီး လှေကားထိပ်ကနေ အောက်ထပ်ကို လှမ်းခေါ်လိုက်သည်။ သူမ ခေါ်နေသော်လည်း ပြန်ဖြေသံ မလာပါ။

" အော် ငါ့နှယ် ဒီကောင်လေး ဘာလုပ်နေမှန်းကို မသိဘူး "

နောက်ဆုံး လေသာဆောင်ကို ထွက်ကြည့်တော့မှဘဲ လေတချွန်ချွန်နှင့် ပန်းပင်ရေလောင်းနေသည့် မြေးတော်မောင်ကို တွေ့ရတော့သည်။

" ဟဲ့အကောင် ဖိုးသူ "

" ဗျာ ဖွား "

" အပေါ်ကို မြန်မြန်လာစမ်း သားခ မေ့လဲနေလို့ "

" ဗျာ!  လာပြီ လာပြီ "

ဖိုးသူတစ်ယောက် လက်ထဲရှိ ရေပန်းကို လွှတ်ချပြီး
အိမ်ထဲသို့ ပြေးဝင်လာလေသည်။

" အစ်ကိုလေးခက ဘယ်လိုဖြစ်တာလဲ ဖွား "

" ဘယ်သိမလဲ မြေးရယ် ဖွားလည်း ခုမှ တွေ့တာကို၊
မြန်မြန် သားခကို ကုတင်ပေါ်တင်စမ်း၊
ဖွား ဒေါက်တာ့ကို ဖုန်းဆက်ခေါ်လိုက်ဦးမယ် "

" ဟုတ် ဟုတ် ဖွား "

ဖိုးသူတစ်ယောက် သူ့အစ်ကိုလေးခကို ပွေ့ချီပြီး
ကုတင်ပေါ်တင်လိုက်သည်။

" ဖွား ရေတွေ စိုနေတယ် "

အိပ်ယာခင်းဆီသို့ ညွှန်ပြလိုက်သည်။

စိုဆို ညက မြေ့နင်းခသတိလစ်သွားပြီးနောက်ပိုင်း
ရက်ခက
ကုတင်ပေါ်သို့ ရေစိုဝတ်ကြီးအတိုင်းသာ တင်ထားခဲ့သည်။
ညလယ် အဖျားတက်‌တော့
စိုနေသည့် အဝတ်အစားများအား
ခ သူ့ဘာသာ ထလဲပြီးနောက်
ကုတင်ပေါ်တောင် ပြန်မတက်နိုင်ဘဲ မေ့လဲသွားခြင်းဖြစ်သည်။

" အဲ့တာဆို သားရက်ခအခန်းထဲ ခဏ သွားပို့လိုက်သွား "

မိသားစုဒေါက်တာ ပြန်သွားပြီဖြစ်သည်။

UM (Completed)Where stories live. Discover now