အခန်း-၄၄(နှစ်ပတ်လည်ပါတီ)

Start from the beginning
                                    

_____________

အတွင်း​ရေးမှူးချူက စာရွက်စာတန်းဖိုင်​တွေနဲ့အတူ အထဲ၀င်လာပြီး စားပွဲ​ပေါ်မှာ ဖိုင်တွဲ​​တွေကို တ​လေးတစား နေရာချကာ စုန့်ရှီလင်ဆီ ချီတုံချတုံဖြစ်စွာ ကြည့်လိုက်သည်။သူ စကား​ပြောချင်​နေ​ပေမယ့်လည်း တုံ့ဆိုင်း​နေမိသည်။

Keyboard ​ပေါ်မှာ ​ပြေးလွှား​နေတဲ့ စုန့်ရှီလင်ရဲ့ လက်​တွေဟာ တစ်စက္ကန့်​လောက် ရပ်တန့်သွားပြီး သူ အတွင်း​ရေးမှူးချူကို တစ်ချက်ကြည့်လိုက်သည်။

အတွင်း​ရေးမှူးချူက အ​ကြောက်​ကြောက်အလန့်လန့်နဲ့ ​​ဖြေလာခဲ့သည်။   " ဥက္ကဋ္ဌစုန့် , ​ပေါ်ယွီ ပြန်​ရောက်ပါပြီ။ အခုတင် ​လေယာဉ်ဆိုက်လာပါတယ် "

စုန့်ရှီလင် တစ်လုံးသာ ပြန်​ပြောလိုက်သည်။   " အင်း "   ပြီးတာနဲ့ သူ စကားဆက်မ​ပြော​တော့​ချေ။

အတွင်း​ရေးမှူးချူခမျာ ​ဆေးခါးကြီး မျိုချရသလို ခံစားလိုက်မိပြီး သူ့ကိုယ်သူ အားတင်းကာ ​ပြောလိုက်သည်။   " ဟုတ်ကဲ့။ ကျွန်​တော်တို့ ည​ရောက်ရင် က​လေးကို သွား​ခေါ်ဖို့ လို​သေးလား ? "

" သူ မင်းကို ဖုန်းဆက်​သေးလား ? "

ဒါ​​ပေါ့။အတွင်း​ရေးမှူးချူက ' သူ ' ဆိုတာ ဘယ်သူ့ကို ရည်ညွှန်းလဲ ရှင်းရှင်းလင်းလင်းကြီးကို သိတာ​ပေါ့။ အတွင်း​ရေးမှူးချူ ​ဖြေလိုက်သည်။   " မဆက်ပါဘူး "

" အဲတာကို မင်း အခု က​လေးကို သွား​ခေါ်လိုက် "   စုန့်ရှီလင်ရဲ့ မျက်နှာအမူအရာက ​အေး​ဆေးတည်ငြိမ်​နေပြီး ဘာခံစားချက်မှ မရှိ​ပေ။

ညွှန်ကြားချက်ရရှိပြီးတဲ့​နောက် မကြာခင်မှာပဲ အတွင်း​ရေးမှူးချူက ရုံးခန်းထဲက​နေ ထွက်သွား​တော့သည်။

​ပေါ်ယွီဟာ ဟွားချန်မြို့​တော်ကိုသွားတဲ့ လမ်း​ပေါ်မှာ ဖုန်းအင်တာဗျူးနှစ်ခုကို လက်ခံရရှိခဲ့သည်။အင်တာဗျူးပြီးတဲ့အချိန်မှာ သူ့ရဲ့ nanny car ကလည်း ​မော့ကုမ္ပဏီ၀င်​ပေါက်မှာ ရပ်​နေပြီဖြစ်သည်။

​မော့ကုမ္ပဏီရဲ့ အထူးဖိတ်ကြားခြင်းခံထားရတဲ့ နှစ်ပတ်လည်ပါတီက ကြယ်ပွင့်အခမ်းအနားမှူးတစ်​ယောက် ဖြစ်တာ​ကြောင့် ပွဲမစခင်အချိန်အထိ ​ပေါ်ယွီရဲ့ လာ​ရောက်မှုကို လုံး၀ လျို့ဝှက်ထားရသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now